Main menu

Background

သုံးနာညီတြိဂံတည်ဆောက်က ကုန်သွယ်မှု ပိုမိုတိုးတက်နိုင်မည်ဖြစ်

Mon, 07/09/2012 - 06:39 -- Anonymous (not verified)

     ဇွန် ၂၈ ရက်က တမူးနယ်စပ်ကုန်သွယ်ရေးရုံးအစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးမှာ တမူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်က ၎င်းတို့အနေဖြင့် ကုန်သည် များအား ဌာနဆိုင်ရာများနဲ့ ပူးပေါင်းညှိနှိုင်း ဆက်စပ်ပေး ရန် တာဝန်ရှိကြောင်း၊ ကုန်သည်များအနေနဲ့ အခက်အခဲများရှိပါက တင်ပြပေးရန် နဲ့ ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ လိုအပ်လျှင် အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း၊ အခက်အခဲများကို ဆွေးနွေးဖြေရှင်း နည်းလမ်းရှာပြီး ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးကြမယ်ဆိုလျှင် ကုန်သွယ်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မှောင်ခိုပပျောက်ရေး အတွက် ပြည်သူ လူထု၊ ကုန်သည်များနဲ့ ဝန်ထမ်းများပါဝင်တဲ့ သုံးနားညီတြိဂံတည်ဆောက်ပါက ပိုမိုတိုး တက်လာ မှာဖြစ်ကြောင်း၊ ညွှန်ကြားချက်များနဲ့ စည်းကမ်းဥပဒေများကို လေးစားလိုက်နာပါက ဖွံ့ဖြိုးတိုး တက်လာ မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ကုန်သွယ်မှုမြှင့်တင်နိုင်ရေး ပုံမှန်တင်ပို့နေကျ တင်ပို့ကုန်ပစ္စည်းများအပြင်  ပို့ကုန်အမယ်သစ် ရှာဖွေတင်ပို့ရေး၊ တရားဝင် လမ်းကြောင်းပေါ်မှသာ ကုန်သွယ်မှုဆောင်ရွက်ကြရန်၊ ၂၀၁၅ မှာ ကျင့်သုံးမည့် (AFTA) အစီအစဉ်အရ အာဆီယံ-တရုတ်၊ အာဆီယံ-အိန္ဒိယ  ကုန်သွယ်မှုတိုးတက် ရေး အတွေ့အကြုံများ  သိရှိထားရန် လိုအပ် ကြောင်း၊Border Trade မှ Normal Trade နှင့် Transit Trade  များပါ လုပ်ဆောင်လာနိုင် ရေးထိ ဝိုင်းဝန်းကြိုးပမ်းကြရန်  လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။                                               Source:နကသ (တမူး) MIRT(DOBT)