Main menu

Background

တရုတ်နိုင်ငံမှ နို့နဲ့ နို့ထွက်ပစ္စည်းတင်သွင်းမှု ပိတ်ပင်ခြင်းကို အိန္ဒိယက နောက်ထပ်တစ်နှစ်သက်တမ်းတိုး

Mon, 07/09/2012 - 06:46 -- Anonymous (not verified)

    အိန္ဒိယအစိုးရက တရုတ်နို့နဲ့ နို့ထွက်ပစ္စည်းတင်သွင်းမှု ပိတ်ပင်ထားခြင်းကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်ကြောင်း  သိရပါတယ်။ ယင်းကြေငြာချက်ကို ပြည်ပကုန်သွယ်ရေးဌာနမှ ဇူလိုင် ၂ ရက်မှာ ၂၀၁၂ ခုနှစ် ဇွန် ၂၃ ရက်တိုင်အောင် ပိတ်ပင်ထားခြင်းကို ဆက်လက်ပိတ်ပင်သွားဖို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ တင်သွင်းမှုတားမြစ်ထားတဲ့အထဲ မှာ ချောကလက်၊ ချောကလက်ထုတ်ကုန် နို့ သို့မဟုတ် နို့ထွက်ပစ္စည်းနဲ့ပြုပြင်ထားတဲ့ သကြားလုံး၊ သကြားမုန့်နဲ့ အခြားစားသောက် ကုန်များ ပါဝင်တယ်လို့ သိရပါတယ်။တရုတ်နိုင်ငံမှ နို့နဲ့ နို့ထွက်ပစ္စည်းများ တင်သွင်းမှုတားမြစ်ခြင်းဟာ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်တဲ့ မယ်လမင်းပါဝင်တဲ့ တရုတ်နိုင်ငံက နို့ထွက်ကုန်များနဲ့ပတ်သက်တဲ့ သတင်းထွက်ပြီး၊ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။  အဲဒီပိတ်ပင်မှုကို တစ်နှစ်ပြီးတစ်နှစ် သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာရောင်းချတဲ့နို့မှာ မယ်လမင်းပိုမိုပါဝင်တဲ့ သတင်း အရ အဲဒီစားသောက်ကုန်ဟာ အခြေခံအားဖြင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အဆိပ်တက်နိုင်တဲ့ ပြဿနာများဖြစ်ပေါ်စေ ပါတယ်။ မယ်လမင်းပါဝင်တဲ့ နို့မှုန့်ကို ပုံမှန်စားသုံးတဲ့ လူမမယ်ကလေးများ မှာ အဲဒီရောဂါသက်ရောက်မှု ပိုမိုဖြစ်စေပါတယ်။ တရုတ်နိုင်ငံမှာ ကလေးထောင်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပြီး အချို့မှာ သေဆုံးသည်အထိ ထိခိုက်ခဲ့ပါတယ်။နို့ထုတ်လုပ်သူများဟာ နှစ်ပေါင်းများစွာ ဝင်ငွေနည်းပါးမှုနဲ့ကြုံတွေ့နေရပြီး အထူးသဖြင့် နည်း ပညာတိုးတက်တဲ့ ကမ္ဘာ့နိုင်ငံများမှ နို့ထုတ်လုပ်သူများဟာ ၎င်းတို့ ထုတ်လုပ်နိုင်စွမ်းတိုးတက်ခြင်းဖြင့် နို့ထုတ်လုပ်မှု မြှင့်တက်လာခြင်းမရှိတဲ့အပေါ် အကျိုးအမြတ်နည်းလာတယ်လို့ ဆိုပါတယ်။ ရေနဲ့ရော ခြင်းဖြင့် နို့မှအကျိုးအမြတ်ရယူကြပေမယ့် အရည်အသွေးနိမ့်ကျလာပါတယ်။ ၃၀ ရာခိုင်နှုန်းခန့်ထိ ရေရောပြီး၊ အဲဒီနေရာမှာ မယ်လမင်း ဝင်ရောက်အစားထိုးလာကြတယ်လို့ ဆိုပါတယ်။ အမေရိကန် စားသောက်ကုန်စံနှုန်းအာဏာပိုင်မှ ထုတ်ပြန်ချက်အရ အမေရိကန်စည်းကမ်းထိန်းသိမ်းရေးကလည်း တရုတ်နိုင်ငံ ရဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတင်သွင်းမှုကို ၂၀၀၈ ခုနှစ်ကတည်းက ပိတ်ပင်ထားတယ်လို့ သိရ ပါတယ်။ တရုတ်အာဏာပိုင်များက မယ်လမင်းကိစ္စကို ဖြေရှင်းပြီးကြောင်း၊ အကြိမ်ကြိမ် ကြေညာခဲ့ ပေမယ့် အိန္ဒိယက ဆက်လက်ပိတ်ပင်ခဲ့သလို တရုတ်နိုင်ငံကလည်း အိန္ဒိယပင်လယ်စာတင်သွင်းမှုကို အလားတူ ပိတ်ပင်ခဲ့ပါတယ်။ယခုလို ပိတ်ပင်မှုထပ်မံသက်တမ်းတိုးရခြင်းမှာ တရုတ်နိုင်ငံမှ နို့ထွက်ပစ္စည်းများရဲ့ အရည် အသွေး စံချိန်စံညွှန်းနိမ့်ကျတဲ့အတွက် အိန္ဒိယစားသောက်ကုန်ဘေးကင်းလုံခြုံရေးနဲ့ စံချိန်စံညွှန်း အာဏာပိုင် (FSSAI)မှ အကြံပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ယမင်းခင်၊ Source: busineess times