ကျောက်ဆည်မြို့နယ်တွင် အသေးစားချေးငွေဘဏ်ထူထောင်၍ အတိုးနှုန်းသက်သာစွာဖြင့် ငွေထုတ်ချေးမည်

       မြန်မာဆင်  ဘိလပ်မြေစက်ရုံမှ ကျောက်ဆည်မြို့နယ်တွင် အသေးစား ငွေချေးဘဏ်သုံးခုထူထောင်ပြီး အတိုးနှုန်းသက်သာ စွာ နဲ့ ငွေထုတ်ချေးပေးမှာ ဖြစ်ကြောင်း သိရပါတယ်။မြန်မာဆင် ဘိပ်လပ်မြေစက်ရုံပိုင် ရှင် ဦးအောင်ဝင်းခိုင်က " ကျွန်တော် တို့စက်ရုံအနီးကရွာမှာ စိုက်ပျိုးရေးလုပ် ပြီး အသက်မွေး၀ မ်းကျောင်းပြုရတယ်။ သံတောင်ရွာက ရွာသား ၁၀၀၀ ကျော် ဆို သံတောင်ဈေးမှာ ဈေးရောင်းရတာ ရှိတယ်။ သံတောင်ဈေးက  ၅ ရက် တစ်ဈေးဖွင့်တာ။ ဒါကြောင့် သူတို့တွေ က စိုက်ပျိုးကာနီးချိန် ဈေးရင်းနှီးဖို့နဲ့ ကလေးကျောင်းဖွင့်ကာ နီးဆို ငွေထုတ် ချေးရ တယ်။ အတိုးကြီးကြီးနဲ့ ငွေချေးရ တော့ရပ်တည်ဖို့  မလွယ်နိုင်ဘူး။ ဒါကြောင့် ဇူလိုင် ၄ ရက်နေ့ကစပြီး၊ ခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ရွာကသူ တွေနဲ့ကော်မတီဖွဲ့ပြီး ဝိုင်းကြီးချုပ်စနစ်နဲ့ ငွေထုတ်ချေးပေးမယ်။ ကျေးလက် က တောင်သူဘယ်သူ ကိုမဆို ချေးပေးမယ်"  လို့ ပြောပါတယ်။အသေးစား ငွေချေးဘဏ် သုံးခု ထူထောင်ပြီး တစ်နှစ်ကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့  ကော်မတီဖွဲ့စည်းပြီး နောက် စတင်ချေးပေးနိုင်ဖို့ စီစဉ်လျက် ရှိပါတယ်။ အသေးစား ငွေချေးဘဏ် တစ်ခုကို မတည်ငွေ ကျပ်သိန်း ၁၅၀ နှုန်းနဲ့ စုစုပေါင်းဘဏ် သုံးခုကို ကျပ် သိန်းပေါင်း ၄၅၀ နဲ့ မတည်ပြီး၊ ချေးပေး မှာဖြစ်ပါတယ်။ ကျောက်ဆည်မြို့နယ် ရှိ ကျေးရွာနေသူများအား လုပ်ငန်းပေါ် မူတည်ပြီး နှုန်းထားသတ်မှတ်ဖို့ ထုတ် ချေးပေးသွားမှာဖြစ်ကြောင်း  သိရပါ တယ်။                        ဇူးဇူး