မြန်မာဆင်ဘိလပ်မြေစက်ရုံအား အများပိုင်ကုမ္ပဏီဖွဲ့ရန် ရည်ရွယ်

    မြန်မာဆင်ဘိလပ်မြေစက်ရုံအား နိုင်ငံတကာအဆင့်မီစက်များအား တိုးချဲ့တည်ဆောက်ပါက အများပိုင် ကုမ္ပဏီဖွဲ့ပြီး ဆောင်ရွက် သွားဖို့ ရည်ရွယ်ထားကြောင်း စက်ရုံပိုင်ရှင် ဦးအောင်ဝင်းခိုင်က ပြောပါတယ်။" စက်ရုံကို Dry  Process  နည်းပညာနဲ့ လည်ပတ်ခဲ့တာ ၁၅ နှစ်ရှိပြီ။ Dry  Process က အဆင့်ဆင့် လုပ်ရတယ်။ အဆင့် (၁)၊ အဆင့် (၂) ဆိုပြီး၊ လုပ်လာခဲ့တာ အဆင့် ၅ ရှိတဲ့ Dry  Process  ဖြစ်လာပြီ။ ဒီလထဲ မှာ နိုင်ငံခြားကုမ္ပဏီနှစ်ခုကလည်း ဘိလပ်မြေ စက်ရုံတည်ဆောက်ဖို့ လာရောက်ညှိနှိုင်းတယ်။ ဒီမှာသူတို့ စက်ရုံ တည်ဆောက်ဖို့ Survay လာလုပ်သွားတယ်။ အန်ကယ်တို့ စက်ရုံဧရိယာထဲမှာဘဲ တည်ဆောက်ဖို့ Survay လာလုပ်တာ။ အဆင်ပြေလို့ဝင်လာမယ်ဆို အန်ကယ်တို့ဘက်ကလည်း အခုထက်အဆင့်မြင့်အောင် ဆက်ပြီး ဆောင် ရွက်ရမယ်။ အန်ကယ်တို့စက်တွေက တစ်ရက်ကို တန် ၆၀၀ ကျ၊ သူတို့က တစ်ရက်ကို တန် ၂၅၀၀-၃၀၀၀ ကျတယ်လို့ သိရတယ်။ နောက်ပိုင်းမှာ အများပိုင်ကုမ္ပဏီဖွဲ့ဖို့ထိ ရည်ရွယ်ထားပါတယ် "  လို့ အဆိုပါ ပုဂ္ဂိုလ်က ပြောပါတယ်။ပြည်တွင်းမှာ ဘိလပ်မြေသုံးစွဲမှု တန်ချိန် ၇ သန်းဝန်းကျင်ရှိပြီး၊ နိုင်ငံပိုင်စက်ရုံနဲ့ ပုဂ္ဂလိကပိုင်စက်ရုံများမှ ထုတ်လုပ်မှုမှာတန်ချိန် ၃ သိန်းဝန်းကျင်သာရှိခြင်းကြောင့် လိုအပ်တဲ့ ဘိလပ်မြေများကို ထိုင်းနိုင်ငံမှ အဓိက တင်သွင်းသုံးစွဲခဲ့ရကြောင်း သိရပါတယ်။                                                            ဇူးဇူး