ဒီဇယ်ဆီ အသွင်းပို၊ ဓာတ်ဆီ အသွင်းလျော့မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၆၅၈ သန်း တန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၁၈၃၄၅၂ ဂါလန်အသွင်းရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုထက် ၁၂၀၆၈၆ ဂါလန် အသွင်းပိုခဲ့ပါတယ်။ ဧပြီလမှ ဇွန်လအထိ နယ်စပ်မှ ကန်ဒေါ်လာ ၆ ဒသမ ၄၀၈ သန်းတန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၆၅၃၅၀၇ ဂါလန် တင်သွင်းထားပြီးဖြစ်ပါတယ်။ ဓာတ်ဆီ ကိုတော့ ယခုအပတ်မှာ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှသာ အသွင်းရှိခဲ့ ပြီး ကန်ဒေါ်လာ သုည ဒသမ ၀၅၁ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၃၈၆၀ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၇၁၁၈ ဂါလန် အသွင်းလျော့ ခဲ့ပါတယ်။ ဧပြီလမှဇွန်လအထိနယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၄၅ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၂၂၄၁၅၉ ဂါလန်တင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်စခန်း အလိုက် ဒီဇယ်ဆီတင်သွင်းမှုမှာ မြဝတီမှ ၁၀၄၈၄၂ ဂါလန်၊ တာချီလိတ်မှ ၅၂၃၆၀ ဂါလန်နဲ့ ကော့သောင်းမှ ၂၆၂၅၀ ဂါလန် အသီးသီးဖြစ်ပါတယ်။ စခန်းအားလုံးမှ တင်သွင်းမှုဟာ ယခင်အပတ်ကထက် ပိုမိုခဲ့တာတွေ့ရပါတယ်။ တာချီလိတ်နယ်စပ် စခန်းမှ မဲခေါင်မြစ်ရေတိုးလာလျှင် ဇူလိုင်လလယ်လောက်ကစပြီး သစ်လုံးများ တင်ပို့နိုင်ပြီဖြစ်ရာ လုပ်ငန်းသုံးစက်သုံးဆီများ ပိုမိုတင်သွင်းလာနိုင်တယ်လို့ ခန့်မှန်း လျက်ရှိပါတယ်။ MIRT(DOBT)ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဇူလိုင်လ 2012 ဓာတ်ဆီ (ကျပ်) ဒီဇယ် (ကျပ်) ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး 2 4000 3800 3800 3500 3300 3400 3 4100 3900 3900 3500 3300 3400 4 4300 4200 4200 3500 3400 3500 5 4400 4200 4200 3500 3500 3500 6 4500 4500 4500 3500 3500 3500 ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- ဇူလိုင်လ 2012 ရက် အောက်တိန်း(ကျပ်) ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်) အဆင့်မြင့်ဒီဇယ်(ကျပ်) 2 3800 3550 3700 3850 3 3800 3550 3700 3850 4 3800 3550 3600 3850 5 3800 3550 3600 3850 6 3800 3550 3600 3850 ၃၀-၆-၂၀၁၂ မှ ၆-၇-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ စဉ်နယ်စပ်စခန်း ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း တရုတ် (ကျပ်) (ကျပ်) ၁။ မူဆယ် ဂါလန် 3850 4050 ၂။ လွယ်ဂျယ် ဂါလန် 4200 4150 ၃။ ချင်းရွှေဟော် ဂါလန် 4000 4000 ထိုင်း (ကျပ်) (ကျပ်) ၁။ ကော့သောင်း ဂါလန် 3900 3500 ၂။ မြဝတီ ဂါလန် 3050 3050 ၃။ တာချီလိတ် ဂါလန် 3808 3865 အိန္ဒိယ (ကျပ်) (ကျပ်) ၁။ တမူး ဂါလန် 4050 4350 ဘင်္ဂလားဒေ့ရှ် (ကျပ်) (ကျပ်) ၁။ စစ်တွေ ဂါလန် 4400 3500 ၂။ မောင်တော ဂါလန် 5500 4200
Background