Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Mon, 07/09/2012 - 08:52 -- Anonymous (not verified)

ကွာလာလမ်ပူ    တောင်ကိုရီးယားမှ ကုန်အမှတ် တံဆိပ်ဆမ်ဆောင်းက အက်ပဲနဲ့ဆိုနီ ကို ကျော်ဖြတ်ပြီး Campaign  Asia-Pacific 2012  Asia's  Top  1000  Brands  အစီရင်ခံစာရဲ့ ထိပ် ဆုံးနေရာကို ရောက်ရှိခဲ့ပါတယ်။ နံပတ်ငါးအတွင်း ဝင်လာတဲ့ ကုမ္ပဏီ တွေကတော့ နက်စလေနဲ့ ပင်နာဆိုး နစ်တို့ ဖြစ်ပါတယ်။ှSource: bernama.com ဟနွိုင်း    VietJetAir    ဗီယက်နမ်လေ ကြောင်းလိုင်းက ဟိုချီမင်းစီတီ ခရီးသွား လုပ်ငန်းအသင်းနဲ့ လုပ်ငန်း ပူး ပေါင်း ဆောင်ရွက်ရေး သဘော တူ စာချုပ် ချုပ်ဆိုပြီးတဲ့ နောက် ဟနွိုင် မြို့တော်မှာ ဇူလိုင် ၅ ရက်က ဗီယက် နမ် ခရီးသွားလုပ်ငန်း အသင်းနဲ့ အလားတူ သဘောတူစာချုပ် ချုပ်ဆို ခဲ့ပါတယ်။ သဘောတူ စာချုပ်အရ ဟီုချီမင်းစီတီက အခြေစိုက်ခရီး သွားလုပ်ငန်း အေဂျင်စီတွေနဲ့ အား လပ်ရပ် အပန်းဖြေစခန်းသွားလာသူ တွေကို လေယာဉ်လက်မှတ်လျှော့ ဈေးနဲ့ ရောင်းချပေးခဲ့ပါတယ်။Source: VNS ကိုလ်ကတ္တား    မကြာမီအချိန်အတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၈ ရာခိုင်နှုန်းအထက်ပြန်လည်ရောက်ရှိ လာလိမ့်မယ် လို့ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ပီချီဒမ် ဘရမ်က ဇူလိုင် ၅ ရက်က ပြောပါ တယ်။ ၂၀၁၁-၁၂ ခုနှစ်ကခက်ခဲ တဲ့ နှစ်တစ်နှစ်ဖြစ်ပြီး တိုးတက်နှုန်း ၆ ဒသမ ၇ ရာ ခိုင်နှုန်းသာရှိခဲ့ကြောင်း နဲ့ ၂၀၁၂-၁၃ ခုနှစ်မှာ စီးပွားရေးပြန် လည် ဦးမော့လာပြီး မကြာမီ စီးပွား ရေးတိုးတက်နှုန်း  ၈ ရာခိုင်နှုန်း အထက် ရရှိလာလိမ့်မယ်လို့ ဝန်ကြီး က ပြောပါတယ်။Source:southasianews.com ဗီယက်နမ်    ယခုနှစ်မှာ ယူရိုဇုန် အကျပ်အ တည်းဖြစ်နေပေမဲ့ ကမ္ဘာ့နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၂၀၁၁ ခုနှစ် က ၁၆ ရာခိုင်နှုန်း  တိုးတက်ပြီး ဒေါ်လာ ၁ ဒသမ ၅၃၆ ထရီလီယံ အထိ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ အစီ ရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါ တယ်။ ကမ္ဘာ့စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေတဲ့အတွက် ၂၀၁၂ ခုနှစ် မှာ FDI နှေးကွေးပြီးဒေါ် လာ ၁ ဒသမ ၆ ထရီလီယံထိသာ ရောက်ရှိ မယ်လို့ ကုလသမဂ္ဂကုန်သွယ် မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့   ( UNCTAD  )  ရဲ့  "World  Investment  Report 2012"   မှာ ဖော်ပြထားပါတယ်။Source:southasianews.com