Main menu

Background

စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ထပ်မံဆောင်ရွက်ဖို့ အိန္ဒိယဝန်ကြီးချုပ် မျှော်မှန်း

Mon, 07/09/2012 - 08:56 -- Anonymous (not verified)

    လွန်ခဲ့တဲ့အနှစ် ၂၀ က အိန္ဒိယစီးပွားရေးကို တစ်ဆစ်ချိုး ပြောင်းလဲ့စေမဲ့ ပြင်းထန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဘဏ္ဍာရေး ဝန်ကြီးဌာနကို ယခုတစ်ချိန်ပြန်လည်တာဝန်ယူလျက်ရှိ ရာ အလား တူ ပြုပြင်ပြောင်းလဲမှုတွေ ကို ဆောင်ရွက် လိမ့်မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက မျှော်လင့်ထားပါတယ်။    အိန္ဒိယနိုင်ငံရဲ့ သမ္မတရာထူးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အိန္ဒိယ ဘဏ္ဍာ ရေးဝန်ကြီး ပရာနပ်မူကာဂျီ နုတ်ထွက်သွားပြီးနောက်ပိုင်း ဘဏ္ဍာရေးဝန်ကြီး တာဝန်ကို အစားထိုးဝင်ရောက်ယူခဲ့သူဆင်းက စီးပွားရေးပြန်လည် ရှင်သန် လာအောင်ဆောင်ရွက်ဖို့ လိုအပ်ေ နကြောင်း ပြောကြားထားပြီး ဖြစ်ပါတယ်။    ၁၉၉၁ ခုနှစ်က ဘဏ္ဍာရေးဝန်ကြီးအဖြစ်ထမ်းဆောင်စဉ်က လွတ်လပ်တဲ့ ဈေးကွက်ကို ခွင့်ပြုခြင်းနဲ့ ကြိုးနီစနစ် ကို လျှော့ချခြင်းတို့ဖြင့် ဒေဝါလီခံရလု နီးပါးဖြစ်နေတဲ့ အိန္ဒိယစီးပွားရေးကို တွန်းတင်ပေးခဲ့ပါတယ်။    သူဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့အခါ အိန္ဒိယစီးပွားရေးကို ဆယ်ဂဏန်း နဲ့ တိုးတက်ပြောင်းလဲမှု  ''ဒုတိယ မျိုးဆက်" ကိုချမှတ်နိုင်လိမ့်မယ်၊ အိန္ဒိယလူမျိုး သန်းပေါင်းများစွာကို ဆင်းရဲတွင်းမှ လျင်မြန်စွာ ကယ်တင်နိုင်လိမ့်မယ်လို့ အများစုက မျှော်လင့် ခဲ့ပါတယ်။ ဒါပေမဲ့ ကွန်ဂရက်ပါတီဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က စီမံကိန်းချမှတ်ထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အကောင်အ ထည် ဖော်ရာမှာ အတိုက်အခံတွေရဲ့ ဆန့်ကျင်မှုနဲ့ ဒေါ်လာဘီလီယံချီ လာဘ်စားမှု တွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ပျက်စ ရာဖြစ်ခဲ့ပါတယ်။    အိန္ဒိယစီးပွားရေးကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်ဖို့အတွက် အိန္ဒိယဝန်ကြီးချုပ်က ၂၀၁၄ ခုနှစ်အထိ ဘဏ္ဍာရေးဝန်ကြီးတာဝန်ကို ထိန်းထား လိမ့်မယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ခန့်မှန်းထားပါတယ်။Source.AFP