Main menu

Background

ယခုနှစ် ပထမနှစ်ဝက်မှာ တောင်ကိုရီးယား မော်တော်ကား အရောင်းမြင့်တက်

Mon, 07/09/2012 - 08:52 -- Anonymous (not verified)

    ပြည်တွင်းရောင်းချမှု ကျဆင်းပေမဲ့ ပြည်ပတွင် ရောင်းချမှု ခိုင်မာလာတဲ့ အတွက် ယခင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ပါက   ယခုနှစ်ဝက်အတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ မော်တော်ကား ရောင်းချမှုက ၈  ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဤလုပ်ငန်းကဏ္ဍမှ ဇူလိုင် ၂ ရက်က ထုတ်ပြန်တဲ့ စာရင်း ဇယားတွေအရ သိရပါတယ်။    ၂၀၁၂ ခုနှစ် ပထမခြောက်လမှာ ဟွန်ဒိုင်း၊ ကီးယား၊ ဂျီအမ်ကိုရီးယား၊ ရေနော့  ဆမ်းဆောင်းနဲ့  ဆမ်ယောင်း စတဲ့ ကုမ္ပဏီကြီးငါးခုရဲ့ ထုတ်လုပ်မှုက စီးရေ ၄၁၂၄၉၄၂စီးရှိခဲ့ပါတယ်။ ယခင် နှစ် အလားတူကာလနဲ့  နှိုင်းယှဉ်ရင် ထုတ်လုပ်မှုက ၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။    ကားအရောင်း မြင့်တက်ခဲ့ရတာ က တောင်ကိုရီးယားထုတ်ကားတွေကို ပြည်ပက ဝယ်လိုအား မြင့်တက်လာတဲ့ အတွက် ဖြစ်ပါတယ်။ ယခုနှစ် ပထမ နှစ်ဝက်မှာ ကုမ္ပဏီငါးခုရဲ့ ပြည်တွင်း အရောင်းက ၅ ဒသမ ၉ ရာခိုင် နှုန်း ကျဆင်းပြီး စီးရေ ၆၉၁၂၅၆ စီး ရှိခဲ့ ပါတယ်။ တောင်ကိုရီးယားက တင်ပို့ တာနဲ့ ပြည်ပရှိ တောင်ကိုရီးယားစက်ရုံ တွေမှာဆင်ပြီးရောင်းတဲ့ ကားစင်းရေ ၁၂ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး စီးရေ ၃၄၃၃၇၂၆ စီး ရှိခဲ့ပါတယ်။Source.xinhua