Main menu

Background

ဒုတိယ နှစ်ဝက်တွင် အင်ဒိုနီးရှား ပို့ကုန် တိုးတက်မည်ဟု ခန့်မှန်း

Mon, 07/09/2012 - 08:57 -- Anonymous (not verified)

    အဓိကျတဲ့ ပို့ကုန်ကုန်စည်တွေနဲ့ ထုတ်ကုန်တွေရဲ့ ဈေးနှုန်းတွေ မြင့်တက် လာတဲ့အတွက် အင်ဒိုနီးရှား အစိုးရက ယခုနှစ် ဒုတိယနှစ်ဝက်မှာ ပို့ကုန်တွေ တိုးတက်လာနိုင်တယ်လို့  ခန့်မှန်ထား ကြောင်း ဇူလိုင် ၄ ရက်က ထုတ်ပြန်တဲ့ တရားဝင် အစီရင်ခံစာများကို ကိုးကား ပြီး ဂျာကာတာပို့စ် သတင်းစာက ရေး သားပါတယ်။    စားအုန်းဆီ၊   မော်တော်ယာဉ်၊ မော်တော်ကား အစိတ်အပိုင်း၊ အီလက် ထရွန်းနစ်ပစ္စည်းနဲ့ ဖိနပ်စတဲ့ ကုန်စည်နဲ့ ထုတ်ကုန်တွေရဲ့တင်ပို့မှု မြင့်တက်လာ တာက ယခုနှစ်ပထမခြောက်လအတွင်း ကျဆင်းမှုကို မြှင့်တင်ပေးနိုင်ပြီး ယခု နှစ်အတွက် ချမှတ်ထားတဲ့ ပို့ကုန် ရည် မှန်းချက် ဒေါ်လာ ၂၀၃ ဘီလီယံကို ပြည့်မီနိုင်မှာဖြစ်ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေး ဒုတိယဝန်ကြီး ဘာယုက ရက်နာမူသီက ဇူလိုင် ၃ ရက်က ပြောပါ တယ်။    " ပို့ကုန်လုပ်ငန်းက ကမ္ဘာ့စီးပွား ရေး ဖွံ့ဖြိုးမှုအပေါ် အကြီးအကျယ် မှီခိုနေပါတယ်။ ဒီဖွံ့ဖြိုးမှုကလည်း ယူရို ဇုန် အခြေအနေတွေရဲ့ ဖိစီးတာကို အကြီးအကျယ်ခံနေရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဓိကပို့ကုန်တွေက ကြီးထွား ဖွံ့ဖြိုးနေတဲ့အတွက် ဒီလို ယူဆတာကလည်း ဖြစ်နိုင်စရာ ရှိပါ တယ်" လို့ ဘာယုက ပြောပါတယ်။    ဇူလိုင် ၂ ရက်က ထုတ်ပြန်တဲ့ ဗဟို စာရင်းအေဂျင်စီရဲ့ ကုန်သွယ်မှု အစီရင် ခံစာအရ ပြည်ပက ဝယ်လိုအားတွေ ကျဆင်းနေတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံ ရဲ့ ပို့ကုန်တွေရဲ့ ဝယ်လိုအားမှာ အခက် အခဲတွေ အများအပြား ဖြစ်ပေါ်စေပါ တယ်။ ဒါပေမဲ့ သွင်းကုန်ကတော့ မြင့် တက်နေပြီး ဧပြီနဲ့မေလမှာ အင်ဒိုနီး ရှားရဲ့ ကုန်သွယ်မှုလိုငွေက ဒေါ်လာ ၁ ဒသမ ၁၃ ဘီလီယံလိုအပ်လျက် ရှိတာကို တွေ့ရပါတယ်။ ယခုနှစ် ပထမ ငါးလအတွင်းမှာ နိုင်ငံ ပို့ကုန်မှာ စား အုန်းဆီတန်ဖိုးက ဒေါ်လာ ၈ ဒသမ ၈၁ ဘီလီယံရှိတဲ့အတွက် ယခင်နှစ် အလားတူ ကာလထက် ၈ ဒသမ ၉၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။Source.xinhua