Main menu

Background

ဗီယက်နမ်တွင် တာယာစက်ရုံကြီးတစ်ရုံ စတင်တည်ဆောက်

Mon, 07/09/2012 - 08:59 -- Anonymous (not verified)

    Bridgestone  Tyre  Manufacturing  VietNam  Limited  Liability  Co.( BTMV )    က ဟိုင်ဖုန်စီတီ မြောက် ပိုင်း ဒင်ဗူးစက်မှုဇုန်မှာ ကားတာယာစက်ရုံတစ်ရုံကို တည် ဆောက်ဖို့ ဇွန် ၂ ရက်က စတင်ပြင်ဆင်လျက် ရှိပါတယ်။    စက်ရုံအတွက် ဂျပန်နိုင်ငံ Bridgestone  Corporation  က အမေရိကန်ဒေါ်လာ ၅၇၅ သန်း ရင်းနှီးမြှုပ်နှံ မှာဖြစ်ပြီး ယခုနှစ်ယခုချိန်ထိ ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ နိုင်ငံ ခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအရ အများဆုံးဖြစ်ပါတယ်။ ထို့ အတူ ဟိုင်ဖုန်စီတီရှိ စီမံကိန်းတွေအနက်အများဆုံး   မြှုပ်နှံမှု လည်း ဖြစ်ပါတယ်။    စက်ရုံရဲ့ မြေအကျယ်အဝန်းက ၁၀၂ ဟက်တာရှိပြီး ၂၀၁၄ ခုနှစ်ကစပြီး လုပ်ငန်းလည်ပတ်မှာ ဖြစ်ပါတယ်။ လာမဲ့ နှစ် နှစ်အကြာမှာ အလုပ်သမားဝန်ထမ်း ၁၉၀၀ ခန့်ထား မှာဖြစ်ပြီး တစ်ရက်ကို တာယာလုံးရေ ၂၄၇၀၀ ထုတ်လုပ်နိုင် မယ်လို့ ခန့်မှန်းထားပါတယ်။    ယခုစက်ရုံက ကမ္ဘာတစ်လွှားမှာရှိတဲ့ Bridgestone   စက်ရုံတွေအနက် ၅၀ မြောက်စက်ရုံဖြစ်ပြီး ဥရောပသမဂ္ဂ၊ မြောက်အမေရိကနဲ့ ဂျပန်နိုင်ငံသို့ ဖြန့်ဖြူးဖို့ အခြေစိုက်စခန်း အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။    ကုမ္ပဏီက အခြေခံအဆောက်အအုံ၊ တည်နေရာ၊ လုပ် သား အင်အား၊ ကုန်ကျစရိတ်နဲ့ဖွံ့ဖြိုးမှု အလားအလာ စတာ တွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာသုံးသပ်ပြီးမှ ဗီယက်နမ်ကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း Bridgestone   ရဲ့ စက်လည်ပတ် ရေး အရာရှိချုပ် ကာဇူဟိဇာနီရှီဂိုင်က ပြောပါတယ်။Source.VNS