Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 07/09/2012 - 09:21 -- Anonymous (not verified)

    အမေရိကန်ပြည်ထောင်စုရဲ့ အလုပ် အကိုင်နဲ့ ပတ်သက်တဲ့ စာရင်းဇယား တွေမထုတ်ပြန်မီ ရင်းနှီးမြှုပ်နှံသူတွေ က ငွေများကို ပြန်ထုတ်ကြတဲ့အတွက် ကမ္ဘာ့အဓိကဗဟိုဘဏ်ကြီးသုံးခုက ငွေ ကြေးဆိုင်ရာမူဝါဒများကို ဇူလိုင် ၅ ရက် ကလျှော့ချခဲ့ပေမဲ့ အာရှငွေကြေးတွေက ဒေါ်လာ၊ ယူရိုတို့နဲ့ ဖလှယ်ရာမှာ တန်ဖိုး ကျဆင်းခဲ့ပါတယ်။    ထုတ်ရောင်းထားတဲ့ ဒေါ်လာနဲ့ ယူရိုနှစ်ခုစလုံးကို ပြန်ဝယ်လာတဲ့အတွက် စင်ကာပူဒေါ်လာ၊  မလေးရှားရင်းဂစ်နဲ့ ဖိလစ်ပိုင်ပီဆိုတို့ရဲ့ တန်ဖိုးတွေကျဆင်း ခဲ့ပါတယ်။ ဒါကြောင့် အာရှငွေကြေး အတော်များများက ရက်သတ္တပတ်အ လိုက်အနည်းငယ်မျှဖြစ်ဖြစ် ကျဆင်းခဲ့ ပါတယ်။ တောင်ကိုရီးယားဝမ်ရဲ့ တန်ဖိုး ကလည်း ကျဆင်းခဲ့ပါတယ်။ ဥရောပ ဗဟိုဘဏ် (ECB)နဲ့ အင်္ဂလန်ဘဏ်တို့ က ငွေကြေးတွန်း အားပေးအစီအစဉ် တွေကို ဆောင်ရွက်တော့မဲ့အခြေအနေ ကို ဇူလိုင် ၅ ရက်က တွေ့မြင်လာရတဲ့ အတွက် တန်ဖိုးကျ ဆင်းတာတွေဖြစ်ခဲ့ရ တာလည်း ပါပါတယ်။ တရုတ်ဗဟို ဘဏ် (BOC) က မမျှော်လင့်ဘဲ အတိုး နှုန်းတွေ ဇူလိုင် ၅ ရက်က ချပေးလိုက်ပေမဲ့ လုံလောက်မှုမရှိသေးဘူးလို့ ဝယ် ရောင်းသမားတွေနဲ့ လေ့လာဆန်းစစ် သူတွေက သုံးသပ်ကြပါတယ်။ အာရှ ငွေကြေးအများစုက  ရက်သတ္တပတ် အလိုက်ကျဆင်းမဲ့အလား အလာတွေရှိ နေပြီး တရုတ်ယွမ်က ယခုရက်သတ္တ ပတ် ယခုအချိန်ထိ ဒေါ်လာနဲ့ဖလှယ် ရာမှာ သုည ဒသမ ၂ ရာခိုင်နှုန်း ကျ ဆင်းနေတာကို တွေ့ရပါတယ်။ တရုတ်ယွမ်    ဇူလိုင် ၆ ရက်က အာရှဈေးကွက် မှာဒေါ်လာနဲ့  ဖလှယ်တဲ့အခါ ကိုးရက် အတွင်းအနိမ့်ဆုံးဖြစ်ခဲ့တဲ့ တစ်ဒေါ်လာ ကို ၆ ဒသမ ၃၆၈၄ ယွမ်နှုန်းရှိခဲ့တဲ့ တရုတ်ယွမ်က အဲဒီလိုကျရာမှာ အနည်း ငယ်ပြန်လည်ခေါင်းထောင်လာခဲ့ပါတယ်။ တရုတ်ယွမ်က ဇူလိုင် ၅ ရက်မှာ နယူး ယောက်ဈေးကွက်မှာ တစ်ဒေါ်လာကို ၆ ဒသမ ၃၅၆၉ ယွမ်ရှိခဲ့ရာမှ ယခု လောလောဆယ်မှာ ၆ ဒသမ ၃၆၆၁ ယွမ်နှုန်း  ရှိနေပါတယ်။  တရုတ်နိုင်ငံ ခြားငွေရောင်းဝယ်ရေးဌာနမှာ တရုတ် ယွမ်ငွေက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဇူ လိုင် ၆ ရက်က သုည ဒသမ ၅၆ ရာခိုင် နှုန်းလျှော့ချပြီး  တစ်ဒေါ်လာကို ၆ ဒသမ ၃၂၄၉ ယွမ်နှုန်း သတ်မှတ်ခဲ့ပါ တယ်။ တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ် ရဲ့ဖလှယ်နှုန်းကို မနက်တိုင်းသတ်မှတ် ပေးပြီး အဲဒီသတ်မှတ်ဈေးထက် ၁ ရာ ခိုင်နှုန်းအတက်အကျထား ခွင့်ပြုထားပါ တယ်။ အိန္ဒိယရူပီး    တရုတ်နိုင်ငံက ငွေကြေးမူဝါဒချ မှတ်ပြီးနောက်ပိုင်းနဲ့ ယူရိုဇုန်နဲ့ ဗြိတိန် နိုင်ငံတို့က ကမ္ဘာ့စီးပွားရေးနဲ့ပတ်သက် ပြီး တပ်လှန့်အချက်ပြတွေထွက်ပေါ် လာပြီးနောက်ပိုင်း အာရှငွေကြေးတွေ တန်ဖိုးကျလာခဲ့ပါတယ်။ ရူပီးတန်ဖိုးက လည်း ဒီလမ်းကြောင်း ကိုလိုက်ပြီး ယခင် ရက်ဈေးပိတ်ခဲ့တဲ့ တစ်ဒေါ်လာ ၅၄ ဒသမ ၉၄ ရူပီးကနေ ၅၅ ဒသမ ၄၅ ရူပီးနှုန်းထိကျဆင်းခဲ့ တာတွေ့ရပါတယ်။ ဘဏ်အချင်းချင်းနိုင်ငံခြားငွေ ဖလှယ် ရေးဈေးကွက်မှာ ဒေါ်လာဝယ်လိုအား ကောင်းလာတဲ့အတွက် ၅၅ ဒသမ ၅၂ ရူပီးနှုန်းထိ ထပ်မံကျဆင်းခဲ့ပါတယ်။  ဂျပန်ယန်း    ယူရိုဇုန်၊ ဗြိတိန်နဲ့ တရုတ်နိုင်ငံတွေ မှာ အတိုးနှုန်းလျှော့ချမှုနဲ့ ငွေဖြစ်လွယ် မှုပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း ဖြင့် စီးပွားရေးတွန်းအားပေးလုပ်ငန်း တွေဆောင်ရွက်လာတဲ့အတွက် ဇူလိုင် ၅ ရက်က   ငွေကြေးဈေးကွက်မှာ ဒေါ်လာက  ပိုမိုစန်းပွင့်လာခဲ့ပါတယ်။ ယူရို/ဒေါ်လာဖလှယ်နှုန်းက ဇူလိုင် ၄ ရက်ကတစ်ယူရိုကို ၁ ဒသမ ၂၅၂၇ ဒေါ်လာနှုန်းရှိခဲ့ရာမှ  ဇူလိုင် ၅ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ တစ် ယူရိုကို ၁ ဒသမ ၂၃၉၁ ဒေါ်လာနှုန်း ထိကျဆင်းခဲ့ပါတယ်။ ယန်းနဲ့ ဖလှယ် ရာမှာ တစ်ယူရိုကို ၁၀၀ ဒသမ ၀၅ ယန်းမှ ၉၉ ယန်းနှုန်းထိကျဆင်းခဲ့ပါ တယ်။ ဒေါ်လာ/ယန်းဖလှယ်နှုန်းက ၇၉ ဒသမ ၈၈ ယန်းနှုန်းနဲ့ အပြောင်းအ လဲမရှိဖြစ်ခဲ့ပါတယ်။ မလေးရှားရင်းဂစ်    အတိုးနှုန်းကို အနိမ့်ဆုံးသို့လျှော့ ချဖို့ ဥရောပဗဟိုဘဏ် (ECB) ရဲ့ဆုံး ဖြတ်ချက်ကြောင့် ဇူလိုင် ၆ ရက်နေ့ ဈေးအဖွင့်မှာ ရင်းဂစ်တန်ဖိုးက ဒေါ်လာ နဲ့ဖလှယ်ရာမှာ တန်ဖိုးကျဆင်းခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့ဈေးပိတ်ချိန်က တစ် ဒေါ်လာကို ၃ ဒသမ ၁၅၉၀ ရင်းဂစ် နှုန်းရှိခဲ့ရာမှ ဇူလိုင် ၆ ရက်ဈေးအဖွင့် မှာ ၃ ဒသမ ၁၆၉၅ နှုန်းအထိ ရင်းဂစ် တန်ဖိုးကျဆင်းခဲ့ပါတယ်။ စီးပွားရေးကို တွန်းအားေ ပးနိုင်ဖို့အတွက် ECB  က အတိုးနှုန်းကို သုည ဒသမ ၇၅ ရာခိုင် နှုန်းထိချခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်စီးပွားရေးအပေါ် ယူရိုဇုန် အကျပ်အတည်းဂယက်ရိုက်ခတ်မှုကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ တောင်ကိုရီးယားဝမ်    ဥရောပဘဏ္ဍာရေးအကျပ်အတည်း က တောင်ကိုရီးယားပို့ကုန်တွေအပေါ် ဂယက်ရိုက်ခတ်ဆဲ   ဖြစ်တဲ့အတွက် တောင်ကိုရီးယားဝမ် ရဲ့ အခြေအနေက ယခုနှစ်အတွင်း အဆိုးဝါးဆုံးသုံးလပတ် အဖြစ်   ကြုံတွေ့နေရဆဲဖြစ်ကြောင်း Credit Suisse Group AG    ကခန့်မှန်း ပါတယ်။ သုံးလအတွင်းမှာ ဝမ်ငွေတန် ဖိုးက ၅ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ဝမ် ၁၂၀၀ အထိ ရောက်ရှိခဲ့ကြောင်း ဇူလိုင် ၄ ရက်က ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာAsia Pacific Fixed Income Stradegy  မှရေးဖားရစ် ကပြောပါတယ်။ ထိုင်းဘတ်    ဖွံ့ဖြိုးပြီး  နိုင်ငံတွေမှာရှိတဲ့ ဗဟို ဘဏ်တွေက   ငွေကြေးမူဝါဒတွေကို လျှော့ချပေးမဲ့    အလားအလာတွေ ကြောင့်  ကမ္ဘာ့ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့တွေက ထိုင်းရရန်ပိုင်ခွင့် စာချုပ်စာ တမ်းတွေကို ပိုမိုဝယ်ယူထိန်းသိမ်းလာ ပြီးနောက်ပိုင်း ထိုင်းဘတ်ငွေတန်ဖိုးက နှစ်ပတ်အတွင်းအမြင့်ဆုံးနှုန်းနီးပါး တစ် ရိပ်ရိပ်တက်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ထိုင်းဘတ်ငွေတန်ဖိုးက ဘန် ကောက်မှာ ဇူလိုင် ၆ ရက် ညနေ ၃ နာရီ ၇ မိနစ်က ဇူလိုင် ၅ ရက်ကနှုန်း ဖြစ်တဲ့ တစ်ဒေါ်လာ ၃၁ ဒသမ ၄၈ ဘတ်နှုန်း အတိုင်းမပြောင်းမလဲ တည်ရှိ နေခဲ့ပါတယ်။Sources.bloomberg, bernama,xinhu, AFP