အမှန်တကယ် အလုပ်ဖြစ်ပြီး ရလဒ်ပေါ်ထွက်လာမဲ့ အခြေခံကျတဲ့ စနစ်တကျ ပြောင်းလဲမှုတွေကို ဥရောပက ဆောင်ရွက် ဖို့လိုဦးမှာဖြစ်ကြောင်း ချက်ပြည်ထောင်စုသမ္မတ ဗာကလပ်ကလော့စ်က ဇူလိုင် ၅ ရက်က ပြောပါတယ်။ ကာလတိုအတွက်သာမက ကာလလတ်အတွက်ပါ ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာရေး လျှော့ချမှုတွေလုပ်ရ ပါမယ်။ တိုးချဲ့မှုတွေလုပ်လို့ မဖြစ်ပါဘူး လို့ သူက ပြောပါတယ်။ "အီးယူထိပ်သီးဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ကျင်းပ နေပေမဲ့ ယူရိုဇုန် နိုင်ငံတော်ကြွေးမြီ ထောင်ချောက်က လွတ်မြောက်ေ စနိုင်မဲ့ ထူးခြားတဲ့အဖြေကို ထုတ်ပေးခဲ့တာ ကျွန်တော်မတွေ့မိသေးပါဘူး'' လို့ သူက ပြောပါတယ်။ '' ပြင်းထန်တဲ့ရေတိုစီးပွားရေးပြဿနာတွေ၊ ဘတ်ဂျက် ပြဿနာတွေနဲ့ ရေရှည်စီးပွားရေး တုံ့ဆိုင်းတာတွေ လို နှစ်မြို့စရာ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပျက်နေတာ တွေ့ရပါတယ်ဓလို့ ကွာလာလမ်ပူမှာ ကျင်းပတဲ့ အာရှ မဟာဗျူဟာ နဲ့ ခေါင်းဆောင်မှုအသင်း (ASLI) ကကျင်းပတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲနဲ့ နေ့လယ်စာ စားပွဲမှာ သူကပြောပါ တယ်။ ဆက်လက်ဖြစ်ပွားနေတဲ့ ယူရိုဇုန်နိုင်ငံတော်ကြွေးမြီ အကျပ်အတည်းမျိုးက စီးပွားရေး အခြေအနေ ကွဲပြား ခြား နားတဲ့နိုင်ငံတွေ အတွက် တစ်ခုတည်းသောငွေကြေး၊ တစ်ခု တည်းသော ငွေလွှဲနှုန်း၊ တစ်ခုတည်းသော အတိုးနှုန်းတို့ကို ဆောင်ရွက် တဲ့ အဖွဲ့အစည်းမျိုးမှာ မလွှဲမသွေ ကြုံတွေ့ရမဲ့ အကျိုးဆက်မျိုးဖြစ်တယ်လို့ သူက ပြောပါတယ်။Source.bernama.com
Background