Main menu

Background

ယွမ်ဖြင့် ချုပ်ဆိုသော စာချုပ်စာတမ်းများ ရောင်းဝယ်ဖို့ စင်ကာပူ ကုမ္ပဏီတစ်ခု အသင့်ဖြစ်

Mon, 07/09/2012 - 09:32 -- Anonymous (not verified)

    တရုတ်ငွေကြေးဖြင့်  ချုပ်ဆိုထား သော အာမခံစာချုပ်စာတမ်းများကို Singapore Exchange Ltd က ရောင်းဝယ်ရှင်းလင်းပေးချေရန် အသင့် ရှိကြောင်း၊ ဇူလိုင် ၆ ရက်ကပြောကြား ခဲ့ရာ ပင်လယ်ရပ်ခြားယွမ်ဈေးကွက် တစ်ခု အဖြစ် စင်ကာပူကလည်း တရုတ် နိုင်ငံရဲ့ ငွေကြေးဖြေလျှော့မှုမှ ရရှိမည့် အကျိုးကျေးဇူးများကို ရယူနိုင်ရန် ကြိုး ပမ်း ဆောင်ရွက် လျက်ရှိပါတယ်။    "SGX   ဒိုင်မှာ ယွမ်နဲ့ ချုပ်ဆိုထား တဲ့စာချုပ်စာတမ်းတွေကို မှတ်ပုံတင် ရောင်းဝယ်ခြင်းအားဖြင့် ပင်လယ်ရပ်ခြား ရှိယွမ်ရောင်းဝယ်ရေးဌာနတစ်ခုအဖြစ် စင်ကာပူရဲ့ အနေအထားကို မြှင့်တင် နိုင်မှာဖြစ်ပါတယ်"လို့ SGX  မှအမှု ဆောင်အရာရှိချုပ် မဂ္ဂနပ်ဆော့ကာက ပြောပါတယ်။ SGX က ပင်လယ်ရပ် ခြားရှိ ယွမ်ဘွန်းစာချုပ်တွေကို ရှင်းလင်း ဆောင်ရွက်ပေးနေပြီး ယွမ်စာချုပ်စာ တမ်းတွေကိုလည်း လက်ငင်းပေး ချေလျက်ရှိနေပါတယ်။ ဒီကောင်တာက နေ သြစတြေးလျေ ဒါ်လာ၊ ဟောင်ကောင်ဒေါ်လာနဲ့ အမေရိကန်ဒေါ်လာ တို့လိုတခြားငွေကြေးတွေကိုလည်း ဖြေ ရှင်းဆောင်ရွက်ပေးနေပါတယ်။Source.marketwatch.com