Main menu

Background

အာဆီယံ ရည်မှန်းချက်နဲ့အတူ တစ်နိုင်ငံချင်းအလိုက် ဆောင်ရွက်မှုရှိ

Mon, 07/09/2012 - 09:40 -- Anonymous (not verified)

      လူအတော်များများက အရှေ့တောင်အာရှ ကို စည်းလုံးညီညွှတ်တဲ့ ယူနစ်တစ်ခုလို သဘော ထားကြပါတယ်။ ဒါပေမဲ့ စီးပွားရေး လုပ်ငန်းရှင် တွေအားလုံးက တစ်နိုင်ငံချင်းမှာ စီးပွားရေး လုပ် ငန်းဆောင်ရွက်တဲ့ နည်းလမ်း ကွဲပြား ခြား နားမှုတွေ ရှိနေတယ်လို့ လက်ခံထားကြပါတယ်။    လူပေါင်း သန်း ၆၀၀ နေထိုင်လျက်ရှိတဲ့ ဒီဒေသက လူမျိုးစုဘာသာစကား၊ ဓလေ့ထုံးစံနဲ့ ဘာသာရေး ယုံကြည်မှုစပြီး အမျိုးမျိုးကွဲပြား ခြား နားမှုရှိနေတာကို ထူးခြားစွာ တွေ့ရပါတယ်။    တချို့ နိုင်ငံတွေက ချမ်းသာပြီး တချို့ နိုင်ငံတွေက ဖွံ့ဖြိုးဆဲအဆင့်မှာပဲ ရှိနေပါတယ်။ ဒီလိုနဲ့ စီးပွားရေးပတ် ဝန်းကျင်တွေက တစ်ဦးနဲ့ တစ်ဦးကွဲပြားခြားနားမှု ရှိနေပါတယ်။ အလားတူ ပြည်သူ့ဆက်ဆံရေးကဏ္ဍတွေမှာ အမျိုးမျိုး  ရှိနေ ပါတယ်။    အာဆီယံ ဒေသတွင်းမှာရှိပြီး အမြော်အမြင် ကြီးတဲ့ ကုမ္ပဏီတချို့က နယ်နမိတ်ဖြတ်ကျော်ပြီး စီးပွားရေး လုပ်ငန်း တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။ အကယ်၍ မှန်ကန်တဲ့ဈေးကွက်ရှာဖွေမှုနဲ့ အများ ပြည်သူဆက်ဆံရေး နည်းဗျူဟာကို ချမှတ်နိုင်မှ အောင်မြင်မှုရနိုင်ပါတယ်။    ဥပမာအားဖြင့် Black  Canyon  ဆိုတဲ့ ထိုင်းအခြေစိုက် ကော်ဖီနဲ့ စားသောက်ဆိုင် လုပ်ငန်းက စင်ကာပူ၊ မလေးရှား နဲ့အင်ဒိုနီးရှားနိုင်ငံ တွေမှာ သက်ဆိုင်ရာ စားသုံးသူတွေနဲ့ လိုက်ဖက်မဲ့ ထူးခြားတဲ့အနံ အရသာနဲ့ ထုတ်လုပ်ဖြန့်ချိ နေပါ တယ်။ စင်ကာပူ အခြေစိုက်မုန့်လုပ်ငန်းဖြစ်တဲ့ Bread  Talk  က ဂျာကာတာနဲ့ မလေးရှားမှာ မိသားစုသုံး နာမည်တစ်ခုလို ဖြစ်နေပြီးတော့ ဘန်ကောက်ဘက်ကိုပါ ခြေဆန့်စ ပြုနေပါပြီ။    ဈေးကွက်သစ်ထဲကိုဝင်လိုတဲ့ ကုမ္ပဏီတွေ အတွက် အများပြည်သူဆက်ဆံရေးလုပ်ငန်းကို ဆောင်ရွက်နေတဲ့ အသက်မွေးဝမ်းကျောင်း ပညာ ရှင်တွေက ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။Source.bangkokpost.com