၂၀၁၂ ခုနှစ်အတွင်း အင်ဒိုနီးရှား၏ ဆန်ထုတ်လုပ်မှု တန်ချိန် ၅ ဒသမ ၅ သန်း ပိုလျှံဖွယ်ရှိ၍ ပြည်ပမှ ဆန်တင်သွင်းစရာမလိုအပ်တော့ကြောင်း BULOG က သတင်းထုတ်ပြန်
၂၀၁၂ ခုနှစ်အတွင်း အင်ဒိုနီးရှားရဲ့ ဆန်ထုတ်လုပ်မှုမြင့်မားကာ ပြည်တွင်းဆန်ဖူလုံမှုရှိအောင် ထောက်ပံ့ပေးနိုင် မှာဖြစ် ရာ ပြည်ပမှဆန်ဝယ်ယူတင်သွင်းဖို့ လိုအပ်တော့မှာမဟုတ်ကြောင်းအင်ဒိုနီးရှားနိုင်ငံပိုင်ဝယ်ယူရေး အေဂျင်စီ (BULOG) က ပြောကြားလိုက်တယ်။ အင်ဒိုနီးရှားက ကမ္ဘာမှာ ဆန်အများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံတွေမှာ တစ်နိုင်ငံအဖြစ် ပါဝင်လျက် ရှိသော်လည်း လူတစ်ဦးချင်းစီ ဆန်စားသုံးမှုမြင့်မားခြင်း ၊ လူဦးရေနှစ်စဉ်တိုး တက်နေခြင်းတို့ကြောင့် ပြည်ပမှဆန် တင်သွင်းမှု အပေါ် အနှစ် ၃၀ ကျော် မှီခိုအားထားခဲ့ရတယ်။ ယခင်နှစ်ကလည်း ဆန်တန်ချိန် ၂ သန်းကျော် တင်သွင်းခဲ့ရတယ်။ ယခုနှစ်မှာတော့ ဆန်တန်ချိန် ၅ ဒသမ ၅ သန်း ပိုလျှံဖွယ်ရှိရာ ပြည်ပမှ ဆန်တင်သွင်းစရာ မလိုအပ်ေ တာ့ကြောင်း နိုင်ငံတော်စာရင်းအင်းဗျူရိုရဲ့ ခန့်မှန်းချက်ကိုကိုးကားပြီး BULOG က သတင်းထုတ်ပြန်ထားတယ်။ ဒါပေမဲ့လည်း အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန (USDA) ကတော့ အင်ဒိုနီးရှားက ၂၀၁၂ ခုနှစ်အတွင်း ဆန်တန်ချိန် တစ်သန်းဝန်းကျင် တင်သွင်း သွားဖွယ်ရှိကြောင်း ၊ ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၃၇ ဒသမ ၃ သန်းဝန်းကျင်အထိ ရောက်ရှိနိုင်သော်လည်း စားသုံးမှုမှာ တန်ချိန် ၃၉ ဒသမ ၅ သန်းအထိ ရောက်ရှိနိုင်မှာ ဖြစ်ရာ ဆန်တင်သွင်းရဦးမှာဖြစ်ကြောင်း ခန့်မှန်းထားတယ်။Source:oryza.com,ပပ
