အာရှနိုင်ငံများမှ ဗီယက်နမ်ဆန်ကို ပြန်လည်တင်သွင်းဖွယ်ရှိ

    တောင်ကိုရီးယားနိုင်ငံမှ ဗီယက်နမ်ဆန်ကို တစ်ဖန်ပြန်လည်တင်သွင်းဖို့ စတင်နေပြီဖြစ်ပြီး၊ ဂျပန်နဲ့တရုတ်ကလည်း အလား တူ စဉ်းစားနေတယ်လို့ ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA)မှ ပြောကြားပါတယ်။ ယခုနှစ် ပထမ ၆ လအတွင်း ဆန်တင်ပို့မှု ဘယ်လောက်ထိ တိုးတက်နိုင်မယ်ဆိုတာ စစ်ဆေးဖို့ပြုလုပ်တဲ့ ဇူလိုင်လ ၅ ရက် ဟိုချီမင်းမှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခု မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။    ဗီယက်နမ်နိုင်ငံမှ တရုတ်နဲ့ ဂျပန် ၂ နိုင်ငံလုံးကို ဆန်တင်ပို့လေ့ရှိပေမယ့် ၎င်း ၂ နိုင်ငံလုံးက လိုအပ်တဲ့ အရည်အသွေးမြင့် မားတာကြောင့် ပြည်ပတင်ပို့မှု နှောင့်နှေးတယ်လို့  VFA  ဥက္ကဌ Truong  Thanh  Phong  မှ ပြောကြားပါတယ်။  လတ် တလောမှာ ဗီယက်နမ်ဆန်ထက် ထိုင်းဆန်ဈေးက ပိုမိုကြီးမြင့်တဲ့အတွက် ပိုမိုယှဉ်ပြိုင် နိုင်ဖို့ ဂျပန်နိုင်ငံအနေနဲ့ ဗီယက်နမ်ဆန် ကို ပြန်လည် တင်သွင်းဖို့ရှိနေပါတယ်။    ၂၀၁၂ မှာ ဗီယက်နမ်ဆန်တန်ချိန် ၆ သိန်းခန့် ဂျပန်က တင်သွင်းဖို့ စီစဉ်နေပြီး၊ တင်ပို့မှုတိုင်းမှာ အရည်အသွေး၊ ရောဂါပိုးမွှားပါဝင်မှုနဲ့ စားသောက်ကုန်ဘေးကင်းမှုအတွက် အထူးဂရုပြုစစ်ဆေးရမယ်လို့ ဆိုပါတယ်။ ဇွန်လကုန်ထိ ဗီယက်နမ်ဆန် တင်ပို့မှုက တန်ချိန် ၃ ဒသမ ၄၁၄ သန်းရှိလို့ ယခင်နှစ်ထက် ၁၂ ဒသမ ၇၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ စုစုပေါင်းဝင်ငွေက ၂၀၁၁ ကာလတူနဲ့ယှဉ်ရင် ၁၅ ဒသမ ၁၇ ရာခိုင်နှုန်းလျော့ကျပြီး ကန်ဒေါ်လာ ၁ ဒသမ ၅၆၇ ဘီလီယံထိ ရှိတယ်လို့ သိရပါတယ်။                                                                   လမင်း၊Source: VNA