ထိုင်းနဲ့ ဗီယက်နမ် ဆန်တင်ပို့မှု လျော့ကျနိုင်တယ်လို့ FAO မှ ခန့်မှန်း
ပုံမှန်ဆန်တင်သွင်းနိုင်ငံများမှာ စပါးစံချိန်တင်ထွက်ရှိမယ့် ခန့်မှန်းချက်အသစ်တွေအရ ထိုင်းနဲ့ ဗီယက်နမ် တို့အတွက် ဆန်တင်ပို့မှု ခန့်မှန်းချက်ကိုလည်း FAO က လျှော့ချခဲ့ပါ တယ်။ ယခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားစတဲ့ ပုံမှန်ဆန်တင်သွင်းနိုင်ငံေ တွမှာထုတ်လုပ်မှုမြင့်တက်ခဲ့တဲ့အတွက် ယခုနှစ်မှာ ဆန်များများ သွင်းရဖွယ် မရှိဘူးလို့ အဲဒီနိုင်ငံတွေ က ဆိုပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်မှာ အင်ဒိုနီးရှားဟာ ယခုနှစ် ဆန် တန်ချိန် ၅ ဒသမ ၅ သန်းပိုလျှံနိုင်လို့ ဆန်များများ တင်သွင်း ဖွယ်မရှိဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ FAO ကလည်း အင်ဒိုနီးရှားရဲ့ ၂၀၁၂ ဆန်တင်သွင်းမှု ခန့်မှန်းချက်ကို တန်ချိန် ၁ ဒသမ ၃ သန်းအဖြစ် တန်ချိန် ၅ သိန်းလျှော့ချဖို့ စဉ်းစား နေပါတယ်။ ထိုင်းနဲ့ ဗီယက်နမ် ၂ နိုင်ငံလုံးဟာ အင်ဒိုနီးရှား ဆန်ဝယ်ယူမှုအတွက် အရေးပါတဲ့ နိုင်ငံများဖြစ်လို့ အဲဒီ ၂ နိုင်ငံလုံးတင်ပို့မှုလျော့ကျလိမ့်မယ်လို့ FAO မှ ဝါရင့်စီးပွားရေး ပညာရှင် MS Concepcion Calpe မှ ပြောကြားပါတယ်။ အဲဒီအခြေအနေအရ ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၂ ဆန် တင်ပို့မှုဟာ အစောပိုင်းခန့်မှန်းထားရာမှ တန်ချိန် ၆ သိန်းခန့် ကျဆင်းပြီး၊ တန်ချိန် ၆ ဒသမ ၉ သန်းဝန်းကျင်ကို လည်း ကောင်း၊ ဗီယက်နမ်နိုင်ငံအနေနဲ့ အစောပိုင်းခန့် မှန်းထားတဲ့ ပမာဏမှ တန်ချိန် ၃ သန်းလျော့ကျကာ တန်ချိန် ၆ ဒသမ ၈ သိန်းကို လည်းကောင်း၊ လျှော့ချခဲ့ပေမယ့် အိန္ဒိယကတော့ အစောပိုင်းခန့်မှန်းထားတာထက် တန်ချိန် ၂ သိန်းပိုပြီး၊ တန်ချိန် ၆ ဒသမ ၅ သန်းအထိ တင်ပို့ နိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဆန်တင်ပို့သူများရဲ့ အခြေအနေ ပြောင်းလဲ မှုက နည်းနေပေမယ့် အမေရိကန်မှာ မိုးခေါင်တာရှည်တာ ကြောင့် ပြောင်းနဲ့ ဂျုံဈေးတွေ ဆက်လက်မြင့်တက်ရင် ဆန် ဈေးကွက်လည်း ပြောင်းလဲနိုင်ပါတယ်။ လွန်ခဲ့တဲ့လအတွင်း ဂျုံနဲ့ ပြောင်းဈေးက ၃၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့လို့ အလားတူ ဆန်ဈေးတွေကိုလည်း သက်ရောက်နိုင်တယ် လို့ ဆိုပါတယ်။လဝန်း၊ Source: oryza.com
