ကမ္ဘာ့ဆန်ကုန်သွယ်မှုကို ထိန်းချုပ်ဖို့ ဆန်တင်ပို့နိုင်ငံများ အဖွဲ့အစည်း (OREC) ကို ထိုင်း၊ ဗီယက်နမ်တို့ တည်ထောင်မယ်

    ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ် တို့ဟာ ကမ္ဘာ့ဆန်ဈေးကွက်တည်ငြိမ်ဖို့နဲ့ ဈေးကွက် ထိန်းချုပ်ဖို့ ဆန်အဖွဲ့အစည်းကြီးတစ်ခုကို မကြာမီတည် ထောင်မယ်လို့ ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာန ပြည်ပ ကုန် သွယ်ရေးဌာန ညွှန်ကြားေ ရးမှူးချုပ်မှ ပြောကြားပါတယ်။ အဲဒီ အဖွဲ့အစည်းသစ်ကို ဆန်တင်ပို့သူများ အဖွဲ့ အစည်းသို့မဟုတ် OREC  လို့ အမည်ပေးမှာဖြစ်ပြီး၊ ထိုင်းနဲ့ ဗီယက်နမ် ၂ နိုင်ငံမှ ဆန်တင်ပို့မှုဟာ ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှုရဲ့ ထက်ဝက်နီးပါး တစ်နှစ်ဆန်တန်ချိန် ၁၅ သန်းမှ ၁၈ သန်းနီးပါး တင်ပို့လျက် ရှိတာကြောင့် ကမ္ဘာ့ ဆန်ဈေးကွက်အပေါ် သိသိသာသာ လွှမ်းမိုးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။    ထိုင်းနိုင်ငံဟာ ဆန်ဈေးနှုန်းအတက်အကျ အပြောင်း အလဲများခြင်းကို ကာကွယ်နိုင်မယ့် ဆန် အဖွဲ့အစည်းကြီး တစ်ခု တည်ထောင်ဖို့ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဆန်စပါးထုတ်လုပ်တဲ့ အရှေ့တောင်အာရှ အခြားနိုင်ငံတွေ အပါအဝင် ဒေသရဲ့ အဓိက ဆန်တင်ပို့သူတွေအကြား ပူး ပေါင်းဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးခြင်းဟာ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း များစွာပေးလို့ ဆန် ဈေးကို လက်ရှိပမာဏထက် တိုးမြှင့်ဖို့ လိုအပ်ပြီလို့ ထိုင်း နိုင်ငံက ဆိုပါတယ်။    အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဗီယက်နမ်အစိုးရအရာရှိများက ယခုအချိန်ထိ ဝေဖန်ပြောကြားခြင်း မရှိသေးဘူးလို့ သိရပါ တယ်။လမင်း၊Source: oryza.com