Main menu

Background

အိန္ဒိယမှာ မိုးနည်းပေမဲ့ပဲစိုက်ပျိုးမှု ယခင်နှစ်ထက်အနည်းငယ်ပို ဥပုသ်လ ဝယ်လိုအားကောင်းလို့ ပဲဈေးများမြင့်တက်

Sun, 07/15/2012 - 04:28 -- Anonymous (not verified)

နိုင်ငံတကာ ပဲစိုက်ပျိုးထုတ်လုပ်မှုနဲ့ လက်ကျန်အခြေအနေအိန္ဒိယနိုင်ငံမှာ မိုးနည်းပါးတဲ့အတွက် မိုးသီးနှံစိုက်ပျိုးမှု နှောင့်နှေးတယ်ဆိုပေမဲ့ အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာန ရဲ့  နောက်ဆုံး ထုတ်ပြန်တဲ့စာရင်းအရတော့ ဇူလိုင် ၆ ရက်အထိ ပဲမျိုးစုံစိုက်ဧရိယာက မနှစ်က ကာလတူထက် အနည်းငယ်ပိုနေတာ တွေ့ရ ပါတယ်။ ယခင်နှစ်ဒီလိုအချိန်မှာ ပဲမျိုးစုံဟက်တာ ၁၂ ဒသမ ၃၈ သိန်း စိုက်ပျိုးထားပြီး လက်ရှိအချိန်မှာ ဟက်တာ ၁၃ ဒသမ ၀၄ သိန်းစိုက်ထားပြီလို့ မနှစ်ကထက် ဟက်တာ ၀ ဒသမ ၆၆ သိန်း ပိုစိုက်ထားပြီးပြီလို့ သိရပါတယ်။ ဒေသတော်တော် များများမှာ စိုက်ပျိုးမှုဧရိယာတွေ လျော့ကျပေမဲ့ အချို့ဒေသတွေမှာ စိုက်ဧရိယာပိုမိုစိုက်နိုင်တာတွေ့ ရပါ တယ်။ အလားတူ အမေရိကန်မှာ ပဲစိုက်ပျိုးမှုဧရိယာကလည်း ယခင်နှစ်ထက် ၆၆ ရာခိုင်နှုန်းမြင့်တက်တာကြောင့် ရိတ်သိမ်း ဧရိယာလည်းပိုမိုမယ်လို့ အမေရိကန် စိုက် ပျိုးရေးဌာနက ခန့်မှန်းထားပါတယ်။ ဝယ်လိုအားကောင်းတာကြောင့် စိုက်ပျိုးမှုဧရိယာ ပိုမိုလာခြင်းဖြစ်တယ်လို့ သိရပါတယ်။အိန္ဒိယနိုင်ငံမှာ ကုလားပဲဈေးကွက်မြင့်မားနေတဲ့အတွက် ကနေဒါပဲလုံးဝယ်လိုအား မြင့်တက်နေတာကြောင့် ကနေဒါ နိုင်ငံလိုင်စင် ရ သိုလှောင်ရုံများမှာ ပဲလုံးလက်ကျန်က ယခုသီတင်းပတ်မှာ တန်ချိန် စုစုပေါင်း ၆၉၂၀၀ ခန့်ကို ကျဆင်းခဲ့ရာ ယခင်နှစ် ကာလတူလက်ကျန် တန်ချိန် ၁၅၃၅၀၀ ထက် များစွာလျော့ကျခဲ့ပါတယ်။  အိန္ဒိယဈေးကွက်မှာ ကုလားပဲဈေး ဆက်လက်မြင့်တက်အိန္ဒိယပဲမျိုးစုံစိုက်ပျိုးတဲ့ ပြည်နယ်တွေမှာ မိုးပါးပေမဲ့လည်း ပဲမျိုးစုံနဲ့ ပဲမျိုးစေ့ဈေးက ဆက်လက်မြင့်တက် နေပါတယ်။ မိုးပါးတာကြောင့် ပဲဈေးပိုလာသလို လက်ကျန်ကလည်းနည်းလာပြီဖြစ်လို့ ဈေးကစားသူတွေက ဈေးဆွဲတင်လာကြတယ်လို့ သိရပါတယ်။ အထူးသဖြင့် ကုလားပဲလက်ငင်းဈေးက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၇ ဒသမ ၉၆) ကျော်မြင့်တက်လာခဲ့ပါတယ်။ပဲစင်းငုံအနေနဲ့ ပြည်ပကတင်သွင်းတဲ့ ပဲစင်းငုံအမြောက်အမြား ဝင်ရောက်လာခြင်းနဲ့ ဝယ်လိုအားနည်းတဲ့ အတွက် ဈေးကွက်ေ တာ်တော်များများမှာ ပဲစင်းငုံဈေး အနည်းငယ်လျော့ကျခဲ့ပေမဲ့ မဟာရပ်ရှတရာမှာတော့ မိုးရွာသွန်းမှု နှောင့်နှေးနေ ပြီး ဝယ်လို အားပြန်ကောင်းလာတဲ့အတွက် တစ်တန် ရူပီး ၄၅၀၀၀ (ကန်ဒေါ်လာ ၈၀၈) ဝန်းကျင်မှာရောက်ရှိနေပါတယ်။ မိုးသီးနှံများဖြစ်တဲ့ ပဲတီစိမ်းနဲ့ မတ်ပဲကတော့ လက်ရှိစိုက်ပျိုးမှုနည်းပြီး ဈေးကွက်တွေကို ပဲဝင်ရောက်မှုနည်းတဲ့အတွက် ဈေး အနည်းငယ်တိုးလာ ပါတယ်။ ဥပုသ်လနီးလာလို့ ဘင်္ဂလားဒေ့ရှ် ကုလားပဲဈေးမြင့်တက်ဘင်္ဂလားဒေ့ရှ် ဥပုသ်လအတွင်း ကုလားပဲ၊ သကြား၊ ပဲပုပ်ဆီ၊ စားအုန်းဆီ၊ ပဲမျိုးစုံ၊ ကြက်သွန်နီစတဲ့ စားသောက်ကုန် ဝယ်လိုအားကြီးမားနေသလို ဈေးနှုန်းကလည်း မြင့်တက်လျက်ရှိနေပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကုလားပဲ တစ်ကီလို တာကာ ၆၅-၇၀ (ကန်ဒေါ်လာ ဒသမ ၇၉ -ဒသမ ၈၆)ရှိရာမှ ယခုအခါ တာကာ ၉၀-၉၅ (ကန်ဒေါ်လာ ၁ ဒသမ ၁- ၁ ဒသမ ၁၆) ကို မြင့်တက်ခဲ့ပါတယ်။ ကုလားပဲရောင်းချမှု တိုးနေသလို ဈေးကလည်း မြင့်တက်နေပါတယ်။ ကုလားပဲနည်းတူအခြားပဲဈေးတွေကလည်း တစ်ကီလို တာကာ ၅-၁၀ (ကန်ဒေါ်လာ ဒသမ ၀၆ - ဒသမ ၁၂) မြင့်တက်လာ ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ယခုနှစ် မတ်လမှ မေလအထိ ကုလားပဲတန်ချိန် ၆ သောင်းတင်သွင်းထားပြီးဖြစ်လို့ မနှစ်က ကာလတူတင်သွင်းမှု တန်ချိန် ၃၈၀၀၀ ထက် ပိုမိုတင်သွင်းထားလို့ ပဲရောင်းချမှု ပြတ်လပ်ဖွယ်မရှိဘူးလို့ သိရပါတယ်။