Main menu

Background

ပဲတီစိမ်းသစ်များ ပြည်ဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်

Sun, 07/15/2012 - 05:10 -- Anonymous (not verified)

    ပြည်ဈေးကွက်သို့ ယခုဇူလိုင်လဆန်းတွင် ပဲတီစိမ်းသစ် များ စတင်ဝင်ရောက်ပြီဖြစ်ပါတယ်။ မင်းတုန်း၊ ကံမဖက်မှ ဝင်ရောက်လာတာဖြစ်ပြီး ဒေသတွင်းမြို့နယ်များမှထွက်ရှိမှု နည်းနေခဲ့သေးတဲ့အတွက် တစ်ရက် အိတ် ၄၀ ကျော် ၅၀ ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် ပဲတီစိမ်း အဖွင့်ဈေးမှာ တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့တဲ့ အတွက် ပဲဟောင်းဈေးထက် ဈေးအနည်းငယ်မြင့်ခဲ့ပါတယ်။ ယခင်ဇွန်လကုန်ထိ ပဲတီစိမ်း အဟောင်းဈေးမှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ဈေးငြိမ်ခဲ့ပြီး၊ လက်ကျန်နည်းတဲ့အတွက် အရောင်းအဝယ်လည်း အေးခဲ့ကာ ယခုပဲတီစိမ်းသစ် များ ကတော့ ရန်ကုန်ဝယ်လက်အပေါ်မူတည်ကာ အရောင်း အဝယ်ဖြစ်လျက်ရှိတာကို တွေ့ရပါတယ်။ခင်ဆွေဝင်း