Main menu

Background

မူဆယ်နယ်စပ်မှ အပို့ ပိုမိုတဲ့ ပဲလွန်းဖြူ၊ စွန်တာနီ/ပြာ၊ ထောပတ်ပဲ၊ ပဲနီကြား

Sun, 07/15/2012 - 05:11 -- Anonymous (not verified)

    ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ပဲလွန်းဖြူ၊ စွန်တာနီ/ပြာ၊ ထောပတ်ပဲနဲ့ ပဲနီကြားတင်ပို့မှုမှာ ယခင်အပတ် ကထက် အပို့ပိုတာတွေ့ရပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၃၉၂ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၅၈ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ ၀၃၅ သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၅၃ တန်ကျော်၊ ကန်ဒေါ်လာသုညဒသမ ၀၂၁ သန်းတန်ဖိုးရှိ ထောပတ်ပဲ ၂၈ တန်ခန့်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၇၅ သန်းတန်ဖိုးရှိ ပဲနီကြား ၉၆ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲလွန်းဖြူ ၁၀ တန်ခန့်၊ စွန်တာနီ/ပြာ ၅ တန်၊ ထောပတ်ပဲ ၂ တန်ကျော်နဲ့ ပဲနီကြား ၄၁ တန်ကျော် အပို့ ပိုခဲ့တယ်လို့ သိရှိရပါတယ်။MIRT(DOBT)