Main menu

Background

မူဆယ်မှ ပဲတီစိမ်း တင်ပို့မှု အားကောင်း

Sun, 07/15/2012 - 05:34 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၉၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၇၂၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် ၆၂၇ တန် တင်ပို့ မှု ပိုမိုလျက်ရှိပါတယ်။ မိမိဘက်ပဲတီစိမ်းမြေပြင်ပေါက်ဈေးမှာ ယခင်အပတ်ကထက် ၁၀၆၆၇ ကျပ် မြင့်တက်လျက်ရှိပြီး တစ်ဖက်နိုင်ငံဈေး မှာ ငွေဈေး အတက်အကျ ကြောင့်သာ အနည်းငယ်ပြောင်းလဲမှု ရှိသော်လည်း တရုတ်ယွမ်ပေါက်ဈေးမှာမူ ပြောင်းလဲမှုမရှိပါဘူး။ ယခင်အပတ်က ပဲတီစိမ်းတစ်တန်ကို ၅၃၃၂ ယွမ်ပေါက်လျက် ရှိပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ လိုက်ရပါတယ်-                  မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု       ယခင်      ပြောင်းလဲမှု    %      ယခု    ယခင်    ပြောင်းလဲမှု    %    ၇၂၄၃၈၉    ၇၁၃၇၂၂    ၁၀၆၆၇        ၁ .၅    ၈၃၇    ၈၃၉            ၂         ၀ .၂    MIRT (DOBT)