အောင်ပန်းဈေးကွက်မှာ ချင်း (ဥမ) က ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးကလည်း ချိုနေတော့ လှောင် လက် တွေကဝယ်နေကြပါတယ်။ ခြံရှင်တွေကတော့ အများကြီး ထုတ်မရောင်းကြသေးပါဘူး။ ဥမကေ တာ့ ဖော်ပြီးရင်လည်း သုံးလေးလလောက် အထိ အထားခံတဲ့အတွက် ဒီထက်ပိုဈေးရတဲ့အချိန်ထိ ထားကြဦးမယ်လို့လည်း သိရပါတယ်။ ဒီအချိန်မှမတူးေ တာ့တဲ့ ချင်း (ဥမ)တွေကိုတော့ ချင်းတက်ပေါ်ချိန် သီတင်းကျွတ်လလောက်မှ သာ ရောပြီး ဖော်ကြမယ်လို့လည်း သိရပါတယ်။ ချင်းတက်ကတော့ အဝင်နည်းနေပြီး ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပြည်စတဲ့မြို့တွေက ဝယ်ယူမှုရှိတာကြောင့် အဝင်ရှိ သလောက် ပြန်ရောင်းနေရတော့တယ်လို့လည်း ဆိုပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်း (ဥမ) တစ်ပိဿာ ၁၅၀ ကျပ်မှ ၁၈၀ ကျပ်ဈေးရှိပြီး၊ ချင်းတက်က တစ်ပိဿာ ၃၅၀ ကျပ်၊ ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ အဝင်နည်းသွား ပါပြီ။ လှောင်လက်တွေကလည်း ဈေးမကြိုက် လို့ မရောင်းသေးပေမဲ့ ငွေလိုသမားတွေ ကတော့ ရောင်းနေတာကြောင့် တစ်ပိဿာ ၁၁၀၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးမှာတော့ ချင်းစိုရော၊ ချင်းခြောက်ရော အဝင်မရှိတော့ပါဘူး။ လှောင် လက်တွေမှာတော့ ချင်းခြောက် လက်ကျန် တန် ၁၀၀၀၊ ၂၀၀၀ ခန့် ကျန်ရှိနေပါသေးတယ်။ ဥမတွေကိုတော့ မိုးဆက်တိုက်ရွာမှသာ ဖော်ကြမယ်လို့လည်း သိရ ပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၀၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်
Background