Main menu

Background

မန်းဝယ်လက်တို့ အဆွဲပိုတဲ့ ဟိုပုံးနနွင်း

Sun, 07/15/2012 - 06:25 -- Anonymous (not verified)

    ဒီနှစ် မန္တလေးဝယ်လက်တွေက ဟိုပုံးနနွင်းကို ကျောက်ဆည်နနွင်းထက် ပိုပြီးကြိုက်နေတယ်လို့သိရပါတယ်။  ဟိုပုံးနနွင်းက အသားကျစ်ပြီး အရောင်ကလည်းလှတာကြောင့် ဈေးကွက်ပိုဝင်နေတယ်လို့လည်းဆိုပါတယ်။ ဈေးကွက်မှာ အဝင်ကနည်းနေ ပေမဲ့ လက်ကျန်ကတော့ အတော်ကျန်နေသေးတယ်လို့ သိရပါတယ်။ တချို့ ခြံရှင်တွေက ဈေးမကိုက်လို့ မရောင်းကြသေး ပါဘူး။ လုပ်အားခက တစ်ရက်ကို ၂၀၀၀ ကျပ်ပေးနေရတာကြောင့် ဒီထက်ဈေးပိုကောင်းလာမှ ဖော်ရောင်းကြမယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ် ဟိုပုံးနနွင်း တစ်ပိဿာ ၇၃၀ ကျပ်ဈေးရှိပါတယ်။     အောင်ပန်းဈေးကွက်မှာလည်း ဆင်တောင်နနွင်းက အဝယ်လိုက်နေပါတယ်။ အောင်ပန်းမှာလည်း နနွင်းအဝင်ကနည်းပါ တယ်။ ခြံရှင်တွေကတော့ တစ်ရက်ကို နည်းနည်းချင်းသာလာရောင်းပြီး၊ ဈေးဖိတ်နေ့မှသာ အတော်များများလာရောင်း ကြပါတယ်။ မန္တလေးဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ်ကို ပိဿာချိန် တစ်သောင်း၊ နှစ်သောင်းခန့် အရောင်း အဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဆင်တောင်နနွင်းက အဝယ်လိုက်ပေမဲ့ ရိုးရိုးနနွင်းကတော့ အရောင်းအဝယ် အေးနေပြီး တစ်ပိဿာ ၆၀၀ ကျပ်နဲ့သာဈေးငြိမ်နေပါတယ်။ ပင်လောင်းနနွင်းကတော့ တစ်ပိဿာ ၃၀၀ ကျပ်၊ ၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ဧဧခိုင်