၂၀၁၁ မှာ ကြက်သွန်ဖြူဈေး နိမ့်ကျတဲ့အတွက် တရုတ်တောင်သူများ စိုက်ဧကလျှော့စိုက်လာကြတဲ့အပြင် နိုင်ငံရဲ့ ကြက်သွန်ဖြူ အဓိကစိုက်ပျိုးရာ Jinxian မှာ ရာသီဥတုဆိုးဝါးတဲ့အတွက် ကြက်သွန်ဖြူထုတ်လုပ်မှုဟာ ၂၀ - ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းပြီး၊ တန်ချိန် ၃ ဒသမ ၂ သန်းရှိနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုရာသီ ကြက်သွန်ဖြူဈေးဟာ ယခင်ရာသီ ထက်ပိုမိုပြီး၊ တစ်တန် ကန်ဒေါ်လာ ၈၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ Hengfeng ကြက်သွန်ဖြူထုတ်လုပ်ကုမ္ပဏီ Vivien Li မှ ပြောကြားပါတယ်။ ကြက်သွန်ဖြူ အရွယ်အစားအနေနဲ့လည်း သေးငယ်လာပြီး ၆ စင်တီမီတာထက်ပိုကြီးတဲ့ ကြက်သွန်ဖြူက ၅ - ၁၀ ရာခိုင်နှုန်းသာ ပါဝင်နိုင်ပြီး၊ ၆ ဒသမ ၅ စင်တီမီတာထက်ကြီးတဲ့ ကြက်သွန်ဖြူက အလွန်နည်းမယ်လို့ ဆိုပါတယ်။ ယခုရာသီ ထွက် ကြက်သွန်ဖြူအသစ်များကို ဈေးမြင့်တက်အောင် ဈေးကစားသူများရှိတယ်ဆိုပေမယ့် အဓိကတော့ ကြက်သွန်ဖြူ အထွက်နည်းတဲ့ လက္ခဏာရှိတာကြောင့် အဓိက ဈေးမြင့်တက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ယမင်းခင်၊Source: freshplaza.com
Background