မန္တလေးတိုင်းဒေသကြီးက ကြက်သွန်နီအများဆုံးထွက်တဲ့ မြင်းခြံခရိုင်က တောင်သူများအနေနဲ့ ဈေးကွက်ကို ကြက်သွန်နီတင်ပို့မှုနည်းပါးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအထိ ကြိုက်ဈေးမရလို့ ဈေးကွက်ကို အဝင်နည်းပါးခဲ့ သလို ယခုရက်များမှာ ဈေးအနည်းငယ်ပိုလာခဲ့ပေမယ့်လည်း အဝင်နည်းနေဆဲဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း ကြက်သွန်နီ ထွက်ရှိတဲ့ မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာ၊ မလှိုင်၊ ပျော်ဘွယ်၊ မြစ်သားမြို့များမှ ရန်ကုန်ကို တစ်ရက် ပိဿာ ၆၀၀၀၀ - ၇၀၀၀၀ ဝန်းကျင်နဲ့ ပုံမှန်တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိပေါက်ဈေးကတော့ ထိပ်စ တစ်ပိဿာ ၄၈၅ ကျပ် - ၅၁၀ ကျပ်၊ အလတ်စ ၄၆၀ ကျပ် - ၄၃၅ ကျပ်၊ အသေးစ ၃၈၅ ကျပ် - ၄၁၀ ကျပ်နဲ့ ယခင်လကထက် တစ်ပိဿာ ၁၀ ကျပ်သာဈေးပို လာပြီး ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။မြင့်နိုင်
Background