Main menu

Background

ဧရာမဘဏ်ကြီး၏ ဧရာမလိမ်လည်မှု

Sun, 07/15/2012 - 06:42 -- Anonymous (not verified)

    ဗြိတိန်  ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း အာဏာပိုင်အဖွဲ့(FSA)သည် ကုန်ကြမ်းကြိုတင် ကုန်သွယ်မှုကော်မရှင် (CFTC)နှင့် တရားရေး ဌာန(DoJ)တို့ အပါအဝင် အမေရိကန်အစိုးရ အေဂျင်စီများနှင့် ပူးပေါင်းစစ်ဆေးတွေ့ရှိချက်အရ ဘာကလေဘဏ်ကြီး ၏ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (Traders) ၁၄ ဦးပါဝင်နေသော ဧရာမ လိမ်လည်မှုကြီးကို ဇွန်လနောက်ဆုံးပတ် အတွင်းက ဖော်ထုတ်လိုက်သည်။ဖော်ထုတ်လိုက်သည့် အမှုမှာ ကမ္ဘာ့ဘဏ္ဍာ ရေးလောကတွင် ဂုဏ်သိက္ခာရှိစွာ  ရပ်တည်ခဲ့ သော " လစ်ဘာ'' (LIBOR) နှင့် ပတ်သက်နေ သည်။ LIBOR ဆိုသည်မှာ လန်ဒန်ဘဏ်အချင်း ချင်းပေးကြသည့် အတိုးနှုန်း (London inter-bank offered rate) ကို အတိုကောက်ခေါ်ခြင်း ဖြစ်သည်။ လစ်ဘာအတိုးနှုန်းသည် ဘဏ်အချင်း ချင်းချေးယူငွေအတွက် ကုန်ကျစရိတ် (အတိုး) သတ်မှတ်ရာတွင်အများယုံကြည်စိတ်ချသည့် စံနှုန်း အဖြစ် လက်ခံထားသည်။ နေ့စဉ်သတ်မှတ်ထုတ် ပြန်သည့် လစ်ဘာအတိုးနှုန်းကို နိုင်ငံတကာငွေ ကြေး အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဘဏ္ဍာရေး လုပ် ငန်းများက  ထုတ်ချေးသည့် ချေးငွေတို့ အပေါ် အတိုးနှုန်းသတ်မှတ်ရာတွင်လည်း ရည်ညွှန်း ကိုး ကားကြရသည်။  ဥပမာ-ချေးငွေတစ်ရပ်ရပ် အပေါ် ပြန်လည်ပေးဆပ် ရမည့် အတိုးနှုန်းသတ်မှတ်ကြရာ ၌ လစ်ဘာ+ဝ.၂၅ (LIBOR+ ဝ.၂၅) ရာခိုင်နှုန်း ဟုဖော်ပြ၍ ပဋိညာဉ်ချုပ် ဆိုကြသည်။ ချေးငွေ ပြန်လည်ပေးဆပ်ချိန်တွင် ဖြစ်ပေါ်သည့် လစ်ဘာ အတိုးနှုန်းအပြင်၊ နောက်ထပ် သုည ဒသမ ၂၅ တိုးသည့်ရာခိုင်နှုန်းဖြင့် အတိုးပေးဆပ်ရန် သတ် မှတ်ခြင်းဖြစ်သည်။  ထို့အတူ ဆင့်ပွားရင်းနှီးမြှုပ်နှံမှု ပဋိညာဉ်  စာချုပ်စာတမ်း များ   (Derivatives contracts)  ၏တန်ဖိုးကိုလည်း လစ်ဘာအတိုးနှုန်း အပေါ် အမှီပြုထားသည်။ထိုသို့ အတိုးနှုန်းသတ်မှတ်သည့်စနစ်တွင် လစ်ဘာအတိုးနှုန်းကို ဘဏ်များက မိမိတို့ဘာသာ ခန့်မှန်းသတ်မှတ်နိုင်ခွင့်ရှိခြင်းမှာ  ချို့ယွင်းချက် တစ်ရပ်ဖြစ်နေသည်။ ယင်းသို့ခန့်မှန်းချက်များကို ဘဏ်၏ အခြားလုပ်ငန်းကဏ္ဍများနှင့်သီးခြားဖြစ် သော အဖွဲ့တစ်ဖွဲ့က တွက်ချက်သတ်မှတ်ခြင်းဖြစ် သည်ဟု ယူဆရသည်။ သို့သော်လည်း ထိုသို့တွက် ချက်မှုအပေါ် ဘာကလေ ဘဏ်ကြီးမှ အရောင်း အဝယ်လုပ်သူများ  (Barclays’ traders) ၏ ညွှန်ကြားစေခိုင်းမှု ရှိေ နကြောင်း ပေါ်ပေါက်ခဲ့ သည်။ ၂၀၀၆ ခုနှစ်က လစ်ဘာအတိုးနှုန်း ကမောက်ကမ ဖြစ်ခဲ့စဉ်ကလည်း  ဘာကလေဘဏ် ဝန်ထမ်းများ ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆခဲ့ကြသည်။ အတိုး နှုန်းပါသည့် ဘဏ္ဍာရေးဆင့်ပွားစာချုပ်စာတမ်း များအပေါ် အတိုးနှုန်း အနည်းအကျဉ်းကစားရာ တွင် အရောင်းအဝယ်လုပ်သူများ ပါဝင်နေတတ် သည်။ ဆင့်ပွားစာချုပ်များ၏ ဈေးကွက်ပမာဏမှာ ၂၀၁၁ ခုနှစ်က ဒေါ်လာ ၅၅၄ ထရီလျံအထိ  ရှိခဲ့ သဖြင့် အလွန်ကြီးမားလှသည်။ သို့ဖြစ်၍ ဈေးနှုန်း အနည်းငယ်ပြောင်းလဲခြင်းသည် အကျိုးအမြတ် ပမာဏ အလွန်ကြီးမားသွားစေနိုင်သည်။ လစ်ဘာ အတိုးနှုန်းတွင် သုည ဒသမ သုညတစ် (ဝ.၀၁) ပြောင်းလဲသွားသည်နှင့်  အကျိုးသက်ဆိုင်သူတွင် ဒေါ်လာသန်းနှင့်ချီပြီး  အမြတ်ပေါ်သွားစေနိုင် သည်ဟုဆိုသည်။ထိုအမှုပေါ်ပေါက်သဖြင့် ဘာကလေဘဏ် ၏ အမှုဆောင်အရာရှိချုပ်  ဘော့ဒိုင်းမွန်းနှင့် အကြီးတန်းအရာရှိများက   ယခုနှစ် အတွက် ဘောနပ်စ်ဆုကြေးကို စွန့်လွှတ်ကြမည်ဟုဆိုသည်။ ဘာကလေဘဏ်လုပ်ငန်းအပေါ် ဗြိတိန်ဘဏ္ဍာ ရေးဝန်ဆောင်မှု လုပ်ငန်း အာဏာပိုင်အဖွဲ့ (FSA) က ဒဏ်ငွေပေါင်သန်း ၆၀ (ဒေါ်လာ ၉၃သန်း) တပ်ရိုက်သည်။ ထို့ပြင် အမေရိကန်နိုင်ငံအစိုးရ၏  CFTC  နှင့် DoJ   တို့ကလည်း ဒဏ်ငွေထပ်မံတပ် ရိုက်ကြသဖြင့် ဘာကလေဘဏ်သည် စုစုပေါင်း ဒဏ်ငွေ ပေါင်သန်း ၂၉၀ ပေးဆောင်ရမည်ဖြစ် သည်။ အဆိုပါဒဏ်ငွေပမာဏမှာ မကြာသေးခင် ဘဏ္ဍာနှစ်က ဘာကလေဘဏ်လုပ်ငန်း၏ အခွန် မပေးဆောင်ရသေးမီ ပေါ်ထွက်ခဲ့သည့် အမြတ်ငွေ ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ဗြိတိန်   ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာ တွင် လစ်ဘာအတိုးနှုန်းကို  မည်သည့်အချိန်က မည်သို့ လိမ်လည်သတ်မှတ်ခဲ့ကြောင်း သတင်း အချက်အလက်များ အတိအကျ ဖော်ပြပါရှိသဖြင့် ဘာကလေဘဏ် အပေါ်   တရားမကြောင်းအရ လျော်ကြေးတောင်းဆိုရာတွင်  အမေရိကန်ပြည် ထောင်စုမှ  နစ်နာသူများ အတွက်  သက်သေခံအထောက်အထား ရရှိနိုင်မည်ဖြစ်သည်ဟု အမေရိ ကန်နိုင်ငံမှ နစ်နာသူများကို  ကိုယ်စားပြုသည့် ဥပဒေ အကျိုးဆောင်အဖွဲ့ကဆိုသည်။ အလားတူ ပင် လစ်ဘာအတိုးနှုန်းလိမ်လည်မှုကြောင့် နစ်နာခဲ့ ကြသည့် ဗြိတိန်နိုင်ငံအပါအဝင် အခြားနိုင်ငံများမှ နစ်နာသူများကလည်း  ဘာကလေဘဏ်အပေါ် တရားမကြောင်းအရ စွဲဆိုမှုများ ပေါ်ထွက်လာဦး မည်ဖြစ်သည်။ဘာကလေဘဏ်ကဲ့သို့ပင် အရေးယူခံရဖွယ် ရှိသည့် ဘဏ်များလည်း ရှိနေသေးသည်။ ကမ္ဘာ တစ်ဝန်းလုံးတွင် လစ်ဘာအတိုးနှုန်း လိမ်လည်မှုကို စုံစမ်းစစ်ဆေးခဲ့ရာ၌ အနည်းဆုံးဘဏ်ပေါင်း ၁၂ ဘဏ်ပါဝင်ပတ်သက်လျက်ရှိသည်။ ဘာကလေ ဘဏ်အပေါ်  ဒဏ်ငွေတပ်ရိုက်ခဲ့သည့်နည်းတူ ချေးငွေထုတ်ချေးကြသည့်  အခြားဘဏ္ဍာရေးအဖွဲ့ အစည်းများသည် လည်း  ဒဏ်ငွေတပ်ရိုက်ခံရဦး မည်ဖြစ်သည်။ ဘဏ်များက ငွေကြေးဈေးကွက်ကို ပုံသဏ္ဌာန်ပျက်ယွင်းေ အာင် ပြုလုပ်ခဲ့ခြ င်းကြောင့် လစ်ဘာအတိုးနှုန်းနှင့်    ချိတ်ဆက်ထားသည့် ပဋိညာဉ်များ လက်ဝယ်ထားရှိကြသူအားလုံးကို ထိခိုက်နစ်နာစေသည်။ သို့ဖြစ်၍ ဘဏ်များအပေါ် လျော်ကြေးတောင်းဆိုနိုင်မည့်သူများမှာ မိမိဘဏ် နှင့်တိုက်ရိုက်ဆက်သွယ်သူ များ (Customers) သာမကတော့ဘဲ များစွာကျယ်ပြန့်သွားစေသည်ဟု ဆိုပါသည်။       Ref; The Economist.