Main menu

Background

၂၀၁၂ ခုနှစ် ပထမ ခြောက်လအတွင်း ဗီယက်နမ်-မြန်မာ ကုန်သွယ်မှုများစွာမြင့်မားလာသဖြင့် မြန်မာ့ဈေးကွက် ခိုင်ခိုင်မာမာရရှိရေး ဗီယက်နမ် ကြိုးစားမည်

Sun, 07/15/2012 - 06:49 -- Anonymous (not verified)

    ၂၀၁၂ ခုနှစ် ပထမ ခြောက်လအတွင်း ဗီယက်နမ်-မြန်မာ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာသန်းပေါင်း ၁၃၀ အထိ ရောက်ရှိ ခဲ့ရာ ယခင်နှစ် အလားတူ ကာလကထက် ၆၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဗီယက်နမ်အကောက်ခွန်ဌာနမှ သတင်း ထုတ်ပြန် လိုက်တယ်။ ၎င်းင်းကာလအတွင်း မြန်မာမှ ဗီယက်နမ်ကို ကန်ဒေါ်လာ သန်း ၅၀ ဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလကထက် ၃၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ဗီယက်နမ်မှ မြန်မာကို ကန်ဒေါ်လာ သန်းပေါင်း ၈၀ ဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလကထက် ၉၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရ တယ်။ ဗီယက်နမ်က မြန်မာနိုင်ငံကို ပို့ကုန်တင်ပို့နိုင်မှု အများဆုံး နိုင်ငံများစာရင်းမှာ နံပါတ်(၁၃)နေရာကို ရရှိထားကြောင်း၊ မြန်မာနိုင်ငံ ကို ပို့ကုန်တင်ပို့မှုအများဆုံး ထိပ်တန်း ငါးနိုင်ငံမှာ စင်ကာပူ၊ တရုတ် (ပြည်မကြီး)၊ ဂျပန်၊ ထိုင်းနဲ့အင်ဒိုနီးရှားတို့ဖြစ်ကြောင်း Vietnam- news.vnagency.com.vn Website မှာ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုပမာဏ  မြင့်မားလာတာနဲ့အမျှ မြန်မာနိုင်ငံအပေါ် ဗီယက်နမ်လုပ်ငန်းရှင်များ စိတ်ဝင်စားမှုများလာ ကြတယ်။ လူဦးရေသန်း ၆၀ ရှိပြီး လူသုံးကုန်ပစ္စည်းများ ဝယ်လိုအား များကာ ဗီယက်နမ် လုပ်ငန်းရှင်များ မျက်စိကျ လျက်ရြှိပီး မြန်မာနိုင်ငံကို ကုန်စည်တွေကို နည်းစနစ်ကျကျ တင်ပို့ရောင်းချဖြန့်ဖြူး နိုင်ရေး စီးပွားရေးလုပ်ငန်းရှင်တွေ က စီစဉ်နေကြောင်း သိရပါတယ်။ဗီယက်နမ်နိုင်ငံ အရည်အသွေးမြင့်ကုန်ပစ္စည်းများ ထုတ်လုပ် တဲ့ လုပ်ငန်းရှင်များအသင်းက ပြည်တွင်းနဲ့ ပြည်ပမှာ ဗီယက်နမ် ကုန်စည်တွေအတွက် ဈေးကွက်ခိုင်ခိုင်မာမာရရှိရေးနဲ့ ဖွံ့ဖြိုးတိုတက် ရေးအတွက် အစီအမံတွေ ချမှတ်ဆောင်ရွက်နေတယ်။ အဓိကမှာ  ASEAN +China Free Trade Area  အစီအစဉ်အရ ၂၀၁၅ ခုနှစ်မှာ အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့မှ ကုန်စည်တွေက Zero Tariffs  နဲ့ ဗီယက်နမ်ကို ဝင်ရောက်လာမှာဖြစ်ပြီး ပြည်တွင်း ဈေးကွက်မှာ ဗီယက်နမ်ပစ္စည်းေ တွ ဈေးကွက်ခိုင်ခိုင်မာမာ ရှိနေ စေရေးနဲ့ အလားအလာရှိတဲ့ ပြည်ပဈေးကွက်တွေနဲ့ ASEAN– China  ဈေးကွက်တွေ မှာ ဈေးကွက်ချဲ့ထွင်သွားရေး ဦးတည်ကြိုးပမ်း နေတယ်။ ဒါကြောင့် ဇူလိုင် ၁၀ ရက်က ဗီယက်နမ်နိုင်ငံ အရည် အသွေးမြင့်ကုန်ပစ္စည်းများထုတ်လုပ်တဲ့ လုပ်ငန်းရှင်များအသင်းက ဗီယက်နမ်ရှိ ဦးဆောင်စီးပွားရေးအုပ်စုတစ်စုဖြစ်တဲ့ C.T Group  နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံဈေးကွက် ပိုမိုချဲ့ထွင်နိုင်ရေး အတူတကွ ဆောင်ရွက်ဖို့ သဘောတူလက်မှတ်ရေး ထိုးလိုက်တယ်။ C.T Group က လွန်ခဲ့တဲ့  သုံးနှစ်ကျော်ကာလကတည်းက  ယခုအချိန် အထိ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ စီးပွားရေး ကွန်ရက် တည်ဆောက်နိုင်ခဲ့ပြီး စူပါမားကက်များ၊ လက်ကားဈေးကွက်တွေမှာ ကုန်စည်တွေ တင်ပို့ ရောင်းချနေလျက်ရှိကြောင်း၊ အဓိကမှာ စားသောက်ကုန်၊ မိတ်ကပ်၊ ဖက်ရှင်နဲ့ဆိုင်တဲ့  ပစ္စည်းတွေ တင်ပို့ရောင်းချနေရာ တံဆိပ်ပေါင်း ၃၄ မျိုးအထိ မိတ်ဆက်ပေးပြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံမြို့တော်မှာ  Vietnam House လိ့ုအမည်ပေးမယ့် အထပ်ပေါင်း ၃၀-၄၀ ပါဝင် တဲ့ အဆောက်အအုံတစ်ခု တည်ဆောက်သွားမှာဖြစ်ကြောင်း၊ ၎င်း  အဆောက်အအုံမှာ ဟိုတယ်၊ ကုန်သွယ်မှုစင်တာ၊ ရုံးများနဲ့ ကုန်စည် တွေ ခင်းကျင်းပြသမယ့်နေရာများ ထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်ကြောင်း C.T Group  ဥက္ကဋ္ဌ Tan Kim Chung  က ပြောကြား တယ်။ ဗီယက်နမ်က မြန်မာနိုင်ငံအပြင် တရုတ်ဈေးကွက်ကိုလည်း အလားအလာရှိတဲ့ ဈေးကွက်အဖြစ် သတ်မှတ်ထားပြီး တရားဝင် ဈေးကွက်ခိုင်ခိုင်မာမာရရှိရေး ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ လော လောဆယ်မှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှုစနစ်နဲ့သာ ကုန်သွယ်နေ ရပြီး ရေရှည်ဈေးကွက်တည်ငြိမ်ရေးမှာ မသေချာကြောင်း၊ စွန့်စား မှုများကြောင်း ဗီယက်နမ်နိုင်ငံအရည်အသွေးမြင့် ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များအသင်းရဲ့ ဒုဥက္ကဋ္ဌက ပြောကြားခဲ့တယ်။Source:Vietnamnews.vnagency.com.vn၊ ပပ