Main menu

Background

အဝယ်နှင့် အရောင်းမျှနေ၍ ဒေါ်လာဈေး ငြိမ်သက်နေသည်ဟုဆို

Sun, 07/15/2012 - 06:54 -- Anonymous (not verified)

      ယခုတစ်ပတ်တွင်   အမေရိကန် ဒေါ်လာဈေးကွက်သည်  ယခင်ရက်  သတ္တပတ်များကလောက် အတက်မ ကြမ်းတော့ ဘဲ ပြန်လည်ငြိမ်သက်လာ သည်ကို တွေ့ရသည်။ ယင်းကဲ့သို့ ငွေ လဲနှုန်းများ   ငြိမ်သက်လာ ရခြင်းမှာ ငွေလဲဈေးကွက်အတွင်း အဝယ်နှင့် အရောင်းမျှခြေတွင်ရှိနေ၍ဖြစ်ကြောင်း ငွေဈေးကွက်အတွင်းမှ  စုံစမ်းသိရှိရ သည်။" ဒီတစ်ပတ်မှာ ထူးထူးခြားခြားပဲ ငွေဈေးကငြိမ်တယ်လို့ပြောရမယ်။ ခါတိုင်းဆို တစ်နေ့ကို ၅ ကျပ် ၁၀ အနည်းဆုံး တက်နေကြပဲ။ဒီတစ်ပတ်မှာ သိမ်ဖြူငွေဈေးကွက်မှာလည်း ငြိမ်နေတယ်။ငွေလဲစင်တာတွေရဲ့ဈေးကလည်း ငြိမ်နေတယ်လို့ ဆိုရမယ်။ တက်တာတောင် အများဆုံးတက်တာ ငါးကျပ်ပဲ။ ငွေဈေးငြိမ်နေတော့ အလုပ်လုပ်ရတာ အဆင်ပြေတာပေါ့ဗျာ။ ငွေလဲစင် တာတွေမှာရော ကျွန်တော်တို့ ဒီအပြင်လောကမှာရော အရောင်းရော အဝယ်ရော မျှခြေမှာရှိနေတယ်။ အဲဒီလိုဖြစ် နေရင် ငွေဈေးကွက်က ငြိမ်နေတာပဲ။ အဝယ်ကများပြီး အရောင်းကျသွားရင် ငွေဈေးကတက်လာမှာပဲ။ ဒါကပုံသေ နည်းလို ဖြစ်နေတာ။ ကျွန်တော်တို့ဆီမှာကတော့ ဘယ်လိုအနေအထားမျိုးပဲ ဖြစ်ဖြစ် ဝယ်ရောင်းလုပ်ပေးပါတယ်။ ဒါ ပေမယ့်အခုဆိုရင် ဘဏ်တွေက နိုင်ငံခြားငွေစာရင်းဖွင့်တာကို ငွေလဲစင်တာက ဘောက်ချာပြမှဆိုတဲ့အတွက် ကျွန်တော်တို့ဆီမှာ နည်းနည်း အç သွားနိုင်တယ်" ဟု ပြင်ပဈေးကွက်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ဇူလိုင် ၉ရက်တွင် ငွေလဲစင်တာများ၌ တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၈၅ကျပ်၊ ဝယ်ဈေး ၈၇၇ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်။ဇူလိုင်  ၁၃ ရက်တွင် ရောင်းဈေး ၈၇၈ ကျပ်၊ ဝယ်ဈေး ၈၇၄ ကျပ်ဖြင့် ရောင်းဈေးအနည်းငယ်တက်လာသည် ကို တွေ့ရသည်။ ပြင်ပငွေလဲဈေးကွက်တွင် ဇူလိုင် ၉ ရက်က ရောင်းဈေး ၈၈၀ ကျပ် ဝယ်ဈေး ၈၇၈ ကျပ်ရှိပြီး ဇူလိုင် ၁၃ ရက်တွင် ရောင်းဈေး ၈၇၈ ကျပ် ဝယ်ဈေး ၈၇၇ ကျပ်ရှိခဲ့သဖြင့် ဈေးအနည်းငယ်ကျခဲ့သည်ကို တွေ့ရသည်။   မယ်သီတာ