Main menu

Background

ငြိမ်သက်နေတဲ့ မြန်မာ့ရွှေဈေးကွက်

Sun, 07/15/2012 - 07:05 -- Anonymous (not verified)

         ယခုတစ်ပတ်တွင် မြန်မာ့ရွှေဈေး ကွက်သည် ဒေါ်လာဈေးငြိမ်သက်မှုနှင့် အတူ အတက်အကျအနည်းငယ်မျှဖြင့် ငြိမ်သက်နေသည်ကိုတွေ့ရသည်။ရွှေဈေးငြိမ်သက်မှုကြောင့်ရွှေဈေး  ကွက်အတွင်း ဝယ်လိုအားပမာဏသည် ယခင်ရက်သတ္တပတ်များကထက်အနည်း ငယ်တက် လာကြောင်း ရွှေဈေးကွက် အတွင်းမှ သိရှိရသည်။ကမ္ဘာ့ရွှေ  ဈေးကွက်သည်လည်း ယခုတစ်ပတ်အတွင်း  အတက်အကျ အနည်းငယ်သာရှိခဲ့သည်ကိုတွေ့ရသည်။ ထို့ပြင် အမေရိက န်ဒေါ်လာနှင့်မြန်မာ ကျပ်ငွေလဲလှယ်နှုန်းသည်လည်း  ယခု တစ်ပတ်အတွင်း  တည်ငြိမ်ခဲ့မှုများ ကြောင့် ကမ္ဘာ့ရွှေဈေးကွက်နှင့်  ငွေ လဲနှုန်းများအပေါ်မှီ၍  ဈေးဖွင့်လေ့ ရှိသည့် မြန်မာ့ရွှေဈေးကွက်သည်လည်း အတက်အကျ  အနည်းငယ်သာ ရှိရ ခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက ပြောသည်။" ဒီတစ်ပတ်မှာ  ကမ္ဘာ့ရွှေဈေးက လည်း ခါတိုင်းလို အတက်ကြမ်း အကျ ကြမ်းမဟုတ်တဲ့အတွက် ငြိမ်တယ် လို့ ခေါ်ရမယ်။ နောက်ပြီး  ငွေလဲနှုန်းက လည်း ဒီတစ်ပတ်မှာ နည်းနည်းပြန်ကျ သွားတယ်။ ဒါကြောင့်မြန်မာ့ရွှေဈေး ကွက်ဟာ ဒီတစ်ပတ်အတွင်းမှာ တက် လာရင်လည်း ၂၀၀၀ ပတ်ဝန်းကျင် လောက်ပဲတက်တာ။ ကျသွားရင်လည်း အဲဒီလောက်ပဲ ဆိုတော့ ဈေးကွက်ငြိမ် တယ်လို့ ဆိုရမယ်။ ဈေးငြိမ်တဲ့အတွက် ဝယ်လိုအား လိုက်လာတယ်။ ဒုံးဝယ် တဲ့သူတွေရော အထည်ဝယ်တဲ့သူတွေ ပါ အရင်အပတ်ကထက်များလာတယ်'' ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်  ဇူလိုင် ၉ ရက်တွင် အခေါက်ရွှေ တစ် ကျပ်သားလျှင် ကျပ် ၇၂၈၃၀၀  ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ဇူလိုင် ၁၃ ရက် တွင် ၇၃၀၁၀၀ ကျပ်ရှိခဲ့သည့်အတွက် ဈေးကွာဟမှုမှာ အနည်းငယ်သာ ရှိခဲ့ သည်။ထို့ပြင် ကမ္ဘာ့ရွှေဈေးသည်လည်း ဇူလိုင် ၉ ရက်က တစ်အောင်စလျှင် ၁၅၈၁ ဒေါ်လာရှိခဲ့ပြီး ဇူလိုင် ၁၃ ရက်တွင် ၁၅၇၁ ဒေါ်လာသာရှိခဲ့သည် ကို တွေ့ရသည်။          မယ်သီတာ