Main menu

Background

ဒီဇယ်၊ ဓာတ်ဆီနဲ့ ရေနံစိမ်းဈေးကို EIA က လျှော့ချခန့်မှန်း

Sun, 07/15/2012 - 07:15 -- Anonymous (not verified)

   အမေရိကန်ပြည်ထောင်စုရဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အနောက်ပိုင်း တက္ကဆပ်ရေနံစိမ်းဈေးနှုန်းတွေကို အမေရိကန် စွမ်းအင်သတင်းပြန်ကြားရေး အုပ်ချုပ်မှုဌာန (EIA)  ကနောက်ဆုံးထုတ်ပြန်တဲ့ Short Term  Energy Outlook  အလားအလာ ခန့်မှန်းချက်အစီရင်ခံစာမှာ လျှော့ချခန့်မှန်းထားပါတယ်။ယခင်လက ရေနံဈေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က တစ်ဂါလန်ကို ပျမ်းမျှ ၃ ဒသမ ၈၄ ဒေါ် လာနှုန်းရှိခဲ့တဲ့ ဒီဇယ်လက်လီဈေးတွေက ၂၀၁၂ ခုနှစ်မှ တစ်ဂါလန်ကို ၃ ဒသမ ၇၉ဒေါ်လာနှုန်းရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ ယခင်လကထုတ်ပြန်ခဲ့တဲ့ အလားအလာအစီရင်ခံစာနဲ့ နှိုင်းယှဉ်လျင် တစ်ဂါလန်ကို ၁၁ ဆင့် ကျဆင်း ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဒီဇယ်လက်လီဈေးက နောက်ထပ် ၁၂ ဆင့်ကျဆင်းပြီး တစ်ဂါလန်ကို ပျမ်းမျှ ၃ ဒသမ ၅၈ ဒေါ်လာနှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်။ပုံမှန်ဓာတ်ဆီတစ်ဂါလန်ဈေးက ၂၀၁၁ ခုနှစ်မှာ တစ်ဂါလန် ပျမ်းမျှ ၃ ဒသမ ၅၃ ဒေါ်လာနှုန်း ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ တစ်ဂါလန် ၃ ဒသမ ၄၉ ဒေါ်လာနဲ့ ၂၀၁၃ ခုနှစ်မှာ ၃ ဒသမ ၂၈ ဒေါ်လာနှုန်း ရှိမယ်လို့ ခန့် မှန်းပါတယ်။ အနောက်တက္ကဆပ်ရေနံစိမ်းရဲ့ လက်ငင်းဈေးကွက်ရှိ ဈေးနှုန်းက ၂၀၁၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ တစ်စည်ကို ပျမ်းမျှ ၈၈ ဒေါ်လာရှိမယ်လို့ EIA  က ခန့်မှန်းပါတယ်။ Source.truckinginfo.com ၊ ဉာဏ်တင်