Main menu

Background

ထိုင်းနိုင်ငံဘက်မှသာ ဘိလပ်မြေဝင်

Wed, 07/18/2012 - 03:51 -- Anonymous (not verified)

ထိုင်းနိုင်ငံဘက်မှသာ ဘိလပ်မြေဝင်ပြည်တွင်းဈေးကွက်ကို ပြည်ပမှ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင် ၁ ရက်မှ ၇ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၃၄၆၀၀၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်ရှစ်သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၇၂၀၀ နဲ့အခြားတံဆိပ်မျိုးစုံတန်ချိန် ၂၇၄၀၀ ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်း နှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သောင်းနှစ်ထောင်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်နှစ် ကာလတူ ကာလဖြစ်တဲ့ ၂၀၁၁ ဇူလိုင်ပထမပတ်အတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန်ငါး သောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီနှစ် ဇူလိုင်ပထမပတ်တင်သွင်းမှုနဲ့ ယှဉ် ရင်တော့ ဘိလပ်မြေအဝင်က တန်ချိန်နှစ်သောင်းကျော် လျော့နည်းခဲ့တာတွေ့ရ ပါတယ်။                                                        MIRT(DOT)နယ်စပ်မှ ဘိလပ်မြေတန် ၂၁၀၀ ကျော်အသွင်းရှိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်း တန်ဖိုးရှိတဲ့ ဘိလပ်မြေ ၂၁၁၂ တန်ကျော်ကို ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိကာလ အတွင်းမှာ  မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၁၃ တန်တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်ဘိလပ်မြေတင်သွင်း မှုတွေကတော့ မူဆယ်မှ ၉၉၉ တန်ကျော်၊ တာချီလိတ်မှ ၈၅၁ တန်၊ ချင်းရွှေဟော်မှ တန် ၁၇၀ နဲ့ လွယ်ဂျယ်မှ ၉၂ တန်ခန့် အသီးသီးဖြစ်ပါတယ်။                                             MIRT(DOBT)ဈေးကွက်အတွင်း ပြောင်းလဲမှုမရှိတဲ့ ဘိလပ်မြေဈေး    မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးနေတယ်လို့ ဆိုပါ တယ်။ မိုးကလည်းကောင်းလာတာကြောင့် အရောင်းအေးလာတာ တစ်လနီးပါးရှိပြီ လို့သိရပါတယ်။ ဈေးကွက်ထဲ စိန်တံဆိပ်ဘိလပ်မြေက ပစ္စည်းပြတ်နေပြီး ဆင်ဘိ လပ်မြေနဲ့ ကြံ့(မြိုင်ကလေး) ဘိလပ်မြေက တစ်အိတ်ကို ယခင်တစ်ပတ်ဈေးထက် ၅၀ ကျပ် ဈေးမြင့်လာပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက မြင်းခေါင်း ၃၆၀၀ ကျပ်၊ ဆင်(ထိုင်း) ၄၈၅၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) ၄၆၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်နေတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ မန္တလေးမှာမိုးလည်း မရွာတာ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများက ပုံမှန်ပဲရှိနေတယ်။ ဒါ ကြောင့် ဘိလပ်မြေ က အရောင်းရှိနေတာလို့သိရပါတယ်။ ဈေးကွက်ထဲကို ဆင်မင်းတံဆိပ်ဘိလပ် မြေက ဒီတစ်ပတ် ပြန်လည်ဝင်ရောက်လာပါတယ်။ တစ်ပတ်အတွင်း ဘိလပ်မြေ ဈေးတွေက အေသုံးလုံး (ဘိလပ်မြေ)က ၅၄၀၀ ကျပ်၊ မြန်မာဆင်(ဘိလပ်မြေ) ၅၄၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၆၀၀ ကျပ်၊ စိန်(ထိုင်း) ၆၅၀၀ ကျပ်၊ ဆင်မင်း ၅၂၀၀ ကျပ်၊ ကျားခေါင်း ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်း ၅၂၀၀ ကျပ်ဈေးတို့နဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ၎င်းင်းတာဝန်ရှိသူရဲ့ ပြောပြချက်အရ ဈေး ကွက်ထဲ ပျောက်နေတဲ့ စိန်(ထိုင်း) ကဈေးကွက်ထဲ ပြန်ဝင်လာခဲ့ပြီး ကျားခေါင်းက ပစ္စည်းပြတ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ တော့ ခြင်္သေ့ဘိလပ်မြေက ၃၀၀ ကျပ်၊ မြို့တော်က ၁၀၀ ကျပ်ဈေးမြင့်လာပြီး ဆင်(ထိုင်း)က ၃၅၀ ကျပ် ဈေးလျော့ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေက စိန်(ထိုင်း) ၆၈၅၀ ကျပ်၊ ခြင်္သေ့ ၅၃၀၀ ကျပ်၊ မြို့တော် ၄၉၀၀ ကျပ်၊ နဂါး ၅၈၀၀ ကျပ်နဲ့ ဆင်(ထိုင်း) ၆၈၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ပဲရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီနှစ်စပိုင်းမှစပြီး ဆင်တံဆိပ် ဘိလပ်မြေက ၅၇၀၀ ကျပ်မှ ၅၉၀၀ ကျပ် ဈေးအတွင်းရှိနေပြီး အတက်အကျက ငါးဆယ်နဲ့ တစ်ရာကျပ်အတွင်းသာ ဈေးကစားနေပါတယ်။ မြင်းခေါင်းတံဆိပ် ဘိလပ်မြေက နှစ်စပိုင်း ၄၂၀၀ ကျပ်ဈေးရှိနေရာမှ သြင်္ကန်နောက်ပိုင်းမှစပြီး ဈေး အနည်းငယ်တက်ရာမှ အခုငါးပတ်ဆက်တိုက် ၄၇၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးနှုန်းက ယခင်ဈေးအတိုင်း ဆင်တံဆိပ်ဘိလပ်မြေက တစ်အိတ်ကို ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်းဘိလပ်မြေက တစ်အိတ်ကို ၄၇၀၀ ကျပ် ဈေးတို့ပဲ ဖြစ်ပါတယ်။                                                               MIRT(DOT)