Main menu

Background

တရုတ်နိုင်ငံရဲ့ ဇွန်လပဲပုပ်တင်သွင်းမှု ၇ လ အတွင်း အမြင့်ဆုံးဖြစ်လာ

Wed, 07/18/2012 - 04:01 -- Anonymous (not verified)

    ကမ္ဘာ့ပဲပုပ်ဝယ်ယူမှု   အများဆုံး တရုတ်နိုင်ငံမှာ မွေးမြူရေးအစာ ဝယ်လို အားများလာခြင်းနဲ့ ကြိတ်ခွဲနိုင်မှု တိုးချဲ့ လာခြင်းတွေေ ကြာင့် ဇွန်လအတွင်းမှာ ပဲပုပ်တန်ချိန် ၅ ဒသမ ၆၂ သန်း တင် သွင်းခဲ့ရာ နိုဝင်ဘာလ နောက်ပိုင်း အများ ဆုံး တင်သွင်းခဲ့ကြောင်း  အကောက်ခွန် စာရင်းများအရ  သိရပါတယ်။ တောင် အမေရိကမှာ  မိုးခေါင်ခြင်းကြောင့် တင် ပို့မှု ကျဆင်းပြီးနောက် တရုတ်နိုင်ငံရဲ့ စားသုံးမှုအများဆုံး သြဂုတ်နဲ့ စက်တင် ဘာတွေမှာ ပဲကြိတ်ခွဲစက်များမှ ရောင်းချ မှုမြှင့်တင်ဖို့ကြိုးစားနေတာကြောင့် တရုတ် နိုင်ငံ ဇွန်လတင်သွင်းမှုဟာ ၂၀၁၀ ဇွန်မှာ တင်သွင်းမှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ တန်ချိန် ၆ ဒသမ ၂ သန်းထိ ရောက်ရှိနိုင်တယ်လို့ အချို့လေ့လာရေး ဆန်းစစ်သူများက ခန့် မှန်းခဲ့ပေမယ့်  အဲဒီပမာဏထက်တော့ အမှန်တင်သွင်းမှုက လျော့ကျခဲ့ပါတယ်။    ပြည်တွင်းထုတ်လုပ်မှု ကျဆင်းတဲ့ အပြင် ဝယ်လိုအား ခိုင်မာတာကြောင့် တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဆက် လက် တိုးတက်မယ်လို့ စင်ကာပူရှိ လေ့ လာဆန်းစစ်သူ Ker  Chung  Yang   မှ ပြောကြားပါတယ်။ ကြိတ်ခွဲမှု အကျိုး အမြတ် တိုးလာတာကလည်း တင်သွင်းမှု ပိုမိုလာအောင်တွန်းပို့နေတဲ့နောက်အချက် တစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လို အား ဆက်လက်ခိုင်မာနေပြီး အမေရိကန် ပြည်ထောင်စုက  တင်သွင်းမှု ဆက်လက် မြင့်တက်နေလိမ့်မယ်လို့  ဆက်လက်ပြော ကြားပါတယ်။    ဇွန် ပဲပုပ်တင်သွင်းမှုဟာ  ယခင်နှစ် ကာလတူထက် ၃၁ ရာခိုင်နှုန်းပိုမိုပြီး၊ မေ တင်သွင်းခဲ့တဲ့ တန်ချိန် ၅ ဒသမ ၂၈ သန်းထက် ၆ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်တယ်လို့  ဇူလိုင် ၁၀ ရက်မှာ တရုတ် အကောက်ခွန်ရုံးမှ  ထုတ်ပြန်တဲ့စာရင်း အရသိရပါတယ်။ ဝင်ငွေမြင့်မားလာခြင်း နဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာခြင်းက တရုတ်လူမျိုးအများစုအတွက်အသား စား သုံးမှု တိုးလာကာ တိရစ္ဆာန်အစာအတွက် အသုံးပြုတဲ့ ပဲပုပ်ဝယ်လိုအား မြင့်တက် လာနေတာ ဖြစ်ပါတယ်။    တရုတ်ပဲပုပ်ဝယ်လက်များဟာ လ ပေါင်းများစွာ ကြိုပြီး ပဲပုပ်မှာယူထားတဲ့ အတွက် ၎င်းင်းတို့အနေနဲ့ မကြာသေးခင်က မြင့်တက်လာတဲ့ပဲပုပ်ဈေးကြောင့် မထိခိုက် ဘူးလို့တရုတ်နိုင်ငံတော်သီးနှံနဲ့ဆီသတင်း အချက်အလက်စင်တာ (CNGOIC) မှ ပြောကြားပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၅ နှစ်နီးပါးအတွင်း  အဆိုးဝါးဆုံး မိုး ခေါင်တဲ့အတွက် ဇူလိုင် ၉ ရက်မှာ ပဲပုပ် ဈေးကစံချိန်တင်မြင့်တက်ခဲ့ပါတယ်။    CNGOIC မှ ခန့်မှန်းချက်အရ ဇူလိုင် ပဲပုပ်တင်သွင်းမှုက   တန်ချိန် ၅ ဒသမ ၅ သန်းကို  အနည်းငယ် ကျဆင်း နိုင် ပေမယ့် လက်ရှိဈေးကွက်နှစ်အတွင်း တင်သွင်းမှု စုစုပေါင်းက မနှစ်က တင် သွင်းမှုထက် ၁၁ ရာခိုင်နှုန်း တိုးပြီး၊ တန် ချိန် ၅၈ သန်းအထိ စံချိန်တင်မြင့်တက် နိုင်တယ်လို့ သိရပါတယ်။ မေလမှာ ပြည် တွင်းကြိတ်ခွဲမှု အကျိုးအမြတ် နည်းတဲ့ အတွက်တရုတ်ကုန်သည်အချို့ဟာ ဘရာ ဇီး ပဲပုပ်မှာယူထားမှုများကို ပယ်ဖျက်ခဲ့ တယ်လို့ ဆိုပါတယ်။    တရုတ်နှစ်စဉ်တင်သွင်းမှုရဲ့ ထက် ဝက်ကျော် ရောင်းချတဲ့ ဘရာဇီးနဲ့ အာဂျင် တီးနားမှာ ယခုနှစ်နှောင်းပိုင်းမှာ မိုးခေါင် လို့ ပဲပုပ်အထွက် လျော့ခဲ့ပါတယ်။ အကောက်ခွန်စာရင်းတွေအရ တရုတ် နိုင်ငံဟာ ဇွန်မှာ အသီးအရွက်ဆီ စုစု ပေါင်း တန်ချိန် ၅၄၀၀၀၀ တင်သွင်းခဲ့ရာ ယခင်လထက် ၁၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ယမင်းခင်၊ Source: chinodaily