နို့ဆီတန်ချိန်သုံးရာ့ရှစ်ဆယ်ကျော်ဝင်ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန် ၁ ရက်မှ ၇ ရက်တာကာလအတွင်း စင်ကာပူနိုင်ငံမှ ဒွန်းနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ အိုကေတံဆိပ်နို့ဆီ ၂၅၃ ဒသမ ၀၁ တန် စုစုပေါင်း ၃၈၄ ဒသမ ၁၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခြောက်ေ သာင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ယခင်တစ်ပတ် နို့ဆီ တင်သွင်းမှုက တန်ချိန် ခုနစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးရာ့ကိုးဆယ်ကျော် လျော့နည်းပြီး ဝင်ခဲ့ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်နဲ့ ဆိုရင် နှစ်ပတ်ဆက်တိုက် အဝင်ပျောက် ခဲ့ပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံ မှ သုည ဒသမ ၇၀ တန်နဲ့ သြစတြေးလျ နိုင်ငံမှ ၆၄ တန် အသီးသီး မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်နို့မှုန့် အဝင်က သုံးတန်ကျော်သာ ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန် ၆၀ ကျော် အဝင်ပိုခဲ့ပါတယ်။ MIRT (DOT) နို့ဆီနဲ့ နို့စိမ်းအသွင်းပိုသော်လည်း နို့မှုန့်အသွင်းမရှိမြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၇၆ သန်းတန်ဖိုးရှိ နို့စိမ်း တန် ၁၈၀ ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၈၀ သန်းတန်ဖိုးရှိ နို့ဆီ ၁၈၃ တန်ကျော်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိ ကာလ အတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် နို့စိမ်း ၁၂၂ တန်နဲ့ နို့ဆီ ၉၄ တန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခု အပတ်မှာ မူဆယ်နယ်စပ်မှ နို့မှုန့် အသွင်းမရှိခဲ့ဘူးလို့ သိရပါတယ်။MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) 760 750 ဒွန်း (နို့စိမ်း) 650 625 ဝမ်းတီးနို့ဆီ 640 660 အိုကေ(နို့ဆီ) 650 615 အိုကေ (နို့စိမ်း) 650 600
Background