Main menu

Background

အမေရိကန်ရာသီဥတု ပြန်လည်စိုစွတ်မယ့် ခန့်မှန်းချက်အရ စားအုန်းဆီဈေး ကျဆင်း

Wed, 07/18/2012 - 04:04 -- Anonymous (not verified)

    အမေရိကန်ပဲပုပ်ထုတ်လုပ်ရာဒေသမှာ မိုးခေါင်ခြောက်သွေ့နေရာမှ မိုးရွာသွန်း မယ့် ခန့်မှန်းချက်တွေအရ မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် ဆီထွက်သီးနှံ ရောင်းချမှုနည်းတဲ့ အတွက် ဈေးနှုန်း ကျဆင်း မှု ပြန်လည်ကန့်သတ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်။ ဇူလိုင် ပထမ ၁၀ ရက် အတွက် မလေးရှား စားအုန်းဆီတင်ပို့မှု ကျဆင်းခြင်း ကလည်း ဈေးနှုန်းကို သက်ရောက်စေပါ တယ်။ ဇွန်လအတွင်းမှာ လက်ကျန်လျော့ကျခြင်းနဲ့ လွန်ခဲ့တဲ့ သီတင်းပတ် အနည်း ငယ်က အာဆီယံနိုင်ငံများမှာ ကျင်းပတဲ့ ပွဲတော်များအတွက် ဝယ်လိုအား ခိုင်မာနေ တာကြောင့် စားအုန်းဆီေ ဈး မြင့်တက်ခဲ့ပြီး၊ ယခုတစ်ဖန် ပြန်လည်လျော့ကျ လာ ခဲ့တာဖြစ်ပါတယ်။    မိုးရွာသွန်းမှုက ဈေးကွက်ဈေးနှုန်းကို လွှမ်းမိုးနေပြီးအကယ်လို့ မိုးရွာသွန်းမှု မရှိရင်တော့ ကုန်သည်များအနေနဲ့ စားအုန်းဆီဈေးကွက်မှာပြန်ပြီး ရင်းနှီးမြှုပ်နှံ လာကြမယ်လို့ မလေးရှားရှိ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မလေးရှား ဘာစာကုန် စည်ဒိုင်မှာ စက်တင်ဘာလ စားအုန်းဆီကြိုပွိုင့်ဈေးက ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန် ရင်းဂစ် ၃၀၀၇ (ကန်ဒေါ်လာ ၉၄၅)ရှိကြောင်း သိရပါတယ်။    အမေရိကန် နိုင်ငံဒေသတော်တော်များများမှာ မိုးရွာသွန်းမှု ပြန်ကောင်းလာ ပါက ကမ္ဘာ့ဆီထွက် သီးနှံ ရောင်းချမှုနည်းတဲ့အခြေအနေပေါ် စိုးရိမ်မှုများ သက်သာ ရာရစေနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန် စိုက်ပျိုးရေး ဌာနက ခန့်မှန်း ရာမှာ မိုးခေါင်ဒဏ်ခံရလို့ ပဲပုပ်အထွက်နှုန်းကျဆင်းမယ်လို့ ဆိုပါတယ်။ ဒါကြောင့် စားအုန်းဆီဈေးမြင့်တ က်နိုင်တယ်လို့ လေ့လာဆန်းစစ်သူများကဆိုပါတယ်။ ဒါ့အပြင် အာရှဒေသတွေမှာ ရာသီဥတု ခြောက်သွေ့မှု ကို ဖြစ်စေနိုင်တဲ့ အယ်နီညို ရာသီ ဥတု ဖြစ်စဉ် ဖြစ်လာဖွယ်ရှိနေခြင်းအပေါ် ဈေးကွက်မှ စောင့်ကြည့် လျက် ရှိနေပါ တယ်။ ရာသီဥတု ပူပြင်းခြင်းက စားအုန်းဆီထုတ်လုပ်မှုကို လျော့ကျနိုင်လို့ ၁၄ လအတွင်း အနိမ့်ဆုံး ဖြစ်ခဲ့တဲ့ ဇွန်လကုန် စားအုန်းဆီလက်ကျန်ကို ထပ်မံကျဆင်းစေ နိုင်ပါတယ်။     ဇူလိုင် ၁ ရက်မှ ၁၀ ရက်အတွင်း မလေးရှားစားအုန်းဆီ တင်ပို့မှု သိသိသာသာ ကျဆင်းခဲ့ပေမယ့် စက်တင်ဘာလ မှ နိုဝင်ဘာလအထိ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ ကျင်းပတဲ့ပွဲတော်ရက်များနဲ့အတူ အာဆီယံ နိုင်ငံများရဲ့ ပွဲတော်ရာသီ ဝင်ရောက် တော့မှာဖြစ်လို့ ဝယ်ယူမှုအော်ဒါများ ပိုမိုလာဖွယ်ရှိတယ်လို့ ဈေးကွက်က မျှော်လင့် နေကြပါတယ်။ အခြားဟင်းသီး ဟင်းရွက်ဈေးကွက်များမှ ဒီဇင်ဘာလပို့ရမယ့် အမေရိကန်ပဲပုပ်ဆီဈေးက သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး၊ ဒေလီယံ ကုန်စည်ဒိုင်မှာ ၂၀၁၃ ဇန်နဝါရီလပို့ရမယ့် ပဲပုပ်ဆီဈေးကလည်း ၂ ရာခိုင်နှုန်း ကျဆင်းတယ်လို့ သိရပါတယ်။                      ယုဇန၊Source: Reuters