နယ်စပ်မျဉ်းပေါ်မှာ မတည်ရှိပေမဲ့ မြိတ် နယ်စပ်ဒေသကုန်သည်များရဲ့ဆန္ဒ ဒီလိုရှိနေ
ဇွန် ၂၉ ရက်က မြိတ်ခရိုင်ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းရုံးမှာ ကျင်းပတဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ မြိတ်နယ်စပ်ဒေသကုန်သည်များရဲ့ တင်ပြဆွေးနွေးချက်များကို ကောက် နုတ်ဖော်ပြပေးလိုက်ပါတယ်- ဘိလပ်မြေကို Automatic Licensing စနစ်ဖြင့် တင်သွင်းခွင့်ရလိုနယ်စပ်ဒေသရှိမြို့များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိမ်ဆောက် ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်ပေးထားရာ မြိတ်ဒေသအနေနဲ့ နယ်စပ် မျဉ်းပေါ်မှာမတည်ရှိပေမဲ့ ရေလမ်းကြောင်းအရ တစ်ဆက်စပ်တည်း ရှိနေ ပါတယ်။ အိမ်ဆောက်ပစ္စည်းများကို အခွန်ဆောင်ပြီး တရားဝင်တင်သွင်း ရလျက်ရှိပါတယ်။ နေပြည်တော်ကို သွားရောက်ပြီး လိုင်စင်လျှောက်ထား ရတဲ့အတွက် အချိန်လည်းကုန် Transaction Cost များလည်း ကုန်ကျမှု များပြားနေရာ မြိတ်ဒေသအတွင်း တည်ဆောက်ရေးလုပ်ငန်းများမှာ အသုံး ပြုမဲ့ ဘိလပ်မြေကို Automatic Licensing စနစ်နဲ့ ဆောင်ရွက်ခွင့်ပြုပေး စေလိုတယ်လို့ မြိတ်ခရိုင်ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းထွန်းကတင်ပြခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီ နှစ်ခု-သုံးခုအမည်ဖြင့် FDA ထောက်ခံချက်လျှောက်ထားခွင့်ပြုစေလိုအချိုရည်၊ ဘီစကစ် စတဲ့စားသောက်ကုန်များအား တင်သွင်းရန် FDA သို့ စားသုံးရန် သင့်၊ မသင့်စစ်ဆေးခံခြင်းကို အမျိုးအစားတူ ပစ္စည်း အတွက် ကုမ္ပဏီတစ်ခုချင်းအနေနဲ့မဟုတ်ဘဲ ကုမ္ပဏီ နှစ်ခု - သုံးခုအမည်နဲ့ လျှောက်ထားခွင့်ပြုပေး ရန် နို့ဆီနဲ့ နို့စိမ်း ကို ဒေသသုံးအတွက် တင်သွင်း ခြင်းဖြစ်တဲ့အတွက် Automatic Licensing စာရင်းတွင် ထည့်သွင်းခွင့် ပြုရေး မြိတ်ရွှေပင်ကုမ္ပဏီဒါရိုက်တာ ဦးသန်းမြင့်က ဆွေးနွေးတင်ပြခဲ့ ပါတယ်။ ပြည်တွင်းထုတ်လုပ်မှုနဲ့ သုံးစွဲမှု ကန့်သတ်မထားပါက ရော်ဘာတင်ပို့ခွင့်လိုင်စင် မြိတ်တွင် ဆောင်ရွက်ပေးစေလိုရော်ဘာဈေးနှုန်း အတက်အကျအပြောင်းအလဲများရှိနေတဲ့အတွက် တစ်ဖက်နိုင်ငံရဲ့ ဈေးအတက်အကျပေါ်မူတည်ပြီး အချိန်နဲ့တစ်ပြေးညီ တင်ပို့နေရကြောင်း၊ နေပြည်တော်/ရန်ကုန်တို့မှာသာ လိုင်စင်ပြုလုပ်ခွင့် ရှိတဲ့အတွက် အချိန်ပေးရခြင်း၊ သွားရောက်လျှောက်ထားရမဲ့ ကုန်ကျစရိတ် များကြောင့် Transaction Cost များပြားနေခြင်းတို့ကြောင့် ပြည်တွင်း ထုတ်လုပ်မှုနဲ့ သုံးစွဲမှုကန့်သတ်မထားပါက မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှာပဲ လိုင်စင်ထုတ်ယူရရှိရေး ဆောင်ရွက်ပေးစေလိုတယ်လို့ ဖိုးလမင်း ကုမ္ပဏီဒါရိုက်တာ ဦးထွန်းထွန်းဝင်းက တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါ တယ်။ ကုန်သည်များရဲ့ဆွေးနွေးချက်များကို အထက်ဌာနသို့ တင်ပြပေး သွားမယ်လို့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးကျော်ဒွန်းက ပြန်လည်ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။Source: နကသ (မြိတ်)အေးချမ်းမေ
