ဓာတ်ဆီရောင်းချသည့်စနစ် ပြင်ဆင်

ရန်ကုန်မြို့တွင်း၌  စက်သုံးဆီများ  အား တရားဝင်ရောင်းချလျက်ရှိသည့် ဓာတ်ဆီဆိုင်များတွင် ဓာတ်ဆီရောင်းချ လျက်ရှိသည့်စနစ် အား ပြင်ဆင်သတ် မှတ်လိုက်ကြောင်း သိရသည်။ယခင်က ဓာတ်ဆီကို တစ်နေ့လျှင် နှစ်ဂါလန်နှုန်းဖြင့် သုံးရက်စာ ၆ ဂါလန် ဝယ်ယူခွင့်ရှိသော်လည်း ယခုအခါ တစ် နေ့လျှင် နှစ်ဂါ လန်နှုန်းဖြင့်  နှစ်ရက် စာအတွက် လေးဂါလန်သာ ကြိုတင် ရောင်းချပေးနိုင်ကြောင်း ပုဂ္ဂလိက စက် သုံးဆီအရောင်းဆိုင်တစ်ခုမှ စုံစမ်းသိရှိ ရသည်။"ဓာတ်ဆီက  နှစ်ရက်အတွက်ပဲ ကြိုတင်ရောင်းပေးပါတယ်။ အရင်တုန်း  က သုံးရက်အတွက် ကြိုတင်ရောင်းပေး ပေမယ့် အခု  နှစ်ရက်စာအတွက်ပဲ ရောင်းပေးမှာပါ။ ဒါကလည်း ဝယ်ယူ တဲ့  ကားအရေအတွက်က  များလာပေ မယ့် ရတဲ့ခွဲတမ်းက တိုးမလာတဲ့အတွက် ရောင်းချတဲ့ပုံစံကို ပြောင်းလိုက်ရတာ ပါ။ ဒီစနစ်ဟာ   ဓာတ်ဆီအတွက်ပဲ ပြောင်းတာပါ။ အောက်တိန်းနဲ့ ဒီဇယ် ဆီတွေအတွက်ကတော့ အရင်တုန်းက အတိုင်းပဲ ရောင်းပေးနေပါတယ်" ဟု လမ်းနီလေးရှိ စက်သုံးဆီအရောင်းဆိုင် မှ ပြောကြားသည်။ဓာတ်ဆီရောင်းချသည့်ပုံစံ ပြောင်း သွားသည့်အတွက်  ဓာတ်ဆီဆိုင်များ တွင် ဆီဝယ်ယူသည့်ကားများ ယခင်က ထက်  ပိုမိုများပြားလာကြောင်း  သိရ သည်။" အရင်တုန်းက သုံးရက်နေမှတစ် ခါပဲထုတ်ရတာ။ အခုစနစ်က နှစ်ရက် တစ်ခါဆိုတော့ ဆီဆိုင်မှာ  ကားတွေ တန်းစီရတာတွေဖြစ်လာတာပဲ။ အရင် က တစ်ပတ်ကို နှစ်ရက်ပဲသွားရတယ်။ အခုဆိုရင် တစ်ပတ်ကို သုံးရက်သွားရ တဲ့အခါကျတော့ ကိုယ့်လိုပဲ သူများတွေ လည်း တစ်ပတ်ကို သုံးရက်လာရတော့ ကားတွေက အရင်ကထက် သုံးပုံတစ်ပုံ လောက်တော့ပိုများလာတာပဲ"  ဟု ဓာတ်ဆီလာရောက်ဝယ်ယူသူ ကားပိုင် ရှင်ဦးဇော်ဝင်းက ပြောသည်။မယ်သီတာ