Main menu

Background

မန္တလေးဈေးကွက် ဓာတ်ဆီဈေး ပြန်ကျ

Wed, 07/18/2012 - 04:15 -- Anonymous (not verified)

    မန္တလေးဈေးကွက်က ဇူလိုင်ပထမပတ်က တစ်ပတ်အတွင်း မြင့်တက်သွားတဲ့ ဓာတ်ဆီဈေးနှုန်းမှာ ဒုတိယပတ် မှာ ပုံမှန်ဈေးကို ပြန်ကျလာကြောင်း ဆီစက်သုံးဆီဈေးကွက်မှ သိရပါတယ်။ဇွဲစက်သုံးဆီရောင်းဝယ်ရေးမှ ကိုမျိုးသန့်က " ရှေ့တစ်ပတ်က ဆီဆိုင်တွေမှာ ခွဲတမ်းလျှော့မယ်ကြားတော့ ဓာတ်ဆီဈေး က ပေပါတစ်လုံးကို ကျပ် ၂၅၀၀၀ လောက် မြင့်တက်သွားတယ်။ ဈေးတက်တာ တစ်ပတ်ပဲကြာပါတယ်။ ထိုင်းဘက်က ဆီတွေဝင်လာလို့ ဈေးပြန်ကျလာတယ်။ ထိုင်းဆီက ဈေးသက်သာပေမယ့် သုံးစွဲသူမကြိုက်လို့  အခါတိုင်းမဝင်ဘူး။ ဒီဇယ်ဆီ က တော့ ပုံမှန်ဈေးပဲရှိတယ်။ ရွှေတော၊ ဖားကန့်ဘက်က လုပ်ငန်းနားနေလို့ အရောင်းအဝယ်အေးနေတယ်။ လျှပ်စစ်မီးကလည်း မှန်နေတော့ အခါတိုင်းလို မရောင်းရဘူး။ နယ်စပ်လက်ကတော့ ပုံမှန်ရှိပါတယ်" လို့ ပြောပါတယ်။ စက်သုံးဆီဆိုင်များမှာ ဆီခွဲတမ်းလျှော့မှာဖြစ်ပြီး၊ ယာဉ်ပိုင်ရှင်များအားလည်း ဆီခွဲတမ်းလျှော့ထုတ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန်ကို ကျပ် ၄၀၀၀ နဲ့ ရောင်းချလျက်ရှိပြီး၊ လက်ကားဈေးနှုန်းက ဂါလန် ၅၀ ပါ တစ်ပေပါကို ယခုလပထမပပတ်က ကျပ် ၂၃၅၀၀၀ ထိ ဈေးမြင့်ခဲ့ရာမှ ယခုတစ်ပတ်မှာ ကျပ် ၂၁၀၀၀၀ ဈေးနဲ့ ရောင်းဝယ်လျက်ရှိပါတယ်။ ဒီဇယ်ဈေးနှုန်းမှာ တစ်ပေပါကို ကျပ် ၁၆၆၀၀၀ နဲ့ ဈေးအတက်အကျရှိ အရောင်းအဝယ် အေးနေကြောင်း သိရပါတယ်။                                                                            ဇူးဇူး