Main menu

Background

ဒေါ်လာအကြောင်း သံစဉ်ဟောင်း အပ်ကြောင်းထပ်

Wed, 07/18/2012 - 04:21 -- Anonymous (not verified)

ဈေးကွက်နှင့် နီးစပ်သော ပြောင်းလဲမှုငွေကြေးအကြောင်း ပြောဆိုဆွေးနွေးနေကျ မိတ်ဆွေတစ်ဦး က "ဒေါ်လာဈေးတွေ တက်နေပြန်ပြီ၊ ဘယ်လိုလဲဗျ " ဟု ဆိုလာ သောအခါ "လာပြန်ပြီ၊ဒီကိစ္စ" ဟုသာ တုံ့ပြန်ပြောဆိုရင်း ကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်း (ဒေါ်လာဈေးနှုန်း) တို့ကို  လေ့လာကြည့်မိ သည်။ ထိုဈေးနှုန်းတို့ကိုကြည့်ရင်း အတိတ်ကာလက တစ်ဒေါ်လာ ၆ ကျပ်ဝန်းကျင်နှုန်းဖြင့် ကာလရှည်လျားစွာ ဖြတ်သန်းခဲ့သည်ကို အတွေးကရောက်သွားသည်။ တစ်ချိန်တစ်ခါက တရားဝင်နှုန်းဟု ခေါ်သည့် ထိုဈေးနှုန်းအခြေအနေသည် "စာအုပ်ထဲက စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ်လို" သာဖြစ်ခဲ့၏။ တကယ့်လက်တွေ့တွင်မူ ထိုတရားဝင် နှုန်းထားထက် အဆပေါင်း နှစ်ရာနီးပါးများသည့် ပြင်ပဈေးကွက် ပေါက်ဈေးဖြင့်သာ အလုပ်ဖြစ်ခဲ့ကြသည်။ တရားမဝင်ဈေး၊ မှောင်ခိုနှုန်း စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ခဲ့ကြသော ဈေးနှုန်းများဖြင့် စီးပွား ရေးကဏ္ဍအများစုတွင် လည်ပတ်လှုပ် ရှားနေစဉ် အစိုးရကဏ္ဍပိုင်း တွင်မူ တစ်ဒေါ်လာ ၆ ကျပ်ခန့် နှုန်းထားပေါ်မူတည်သည့် လက်တွေ့ မကျသော ကိန်းဂဏန်းများဖြင့် စီးပွားရေးအဆောက်အဦတစ်ခုဖြစ် ခဲ့ရသည်။ ယခုအစိုးရသစ်၏ စီးပွားရေး  ပြုပြင်ပြောင်းလဲမှု များ အောက်တွင် နိုင်ငံခြားငွေကြေးများနှင့်  ပတ်သက်၍လည်း အခြေ အနေသစ်များ ဖြစ်ထွန်းလာခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ လက် တွေ့ဈေးကွက်အခြေအနေနှင့် မည်သို့မျှမအပ်စပ်သည့် တစ်ဒေါ်လာ ၆ ကျပ်ဝန်းကျင်နှုန်းထားနေရာတွင် ဗဟိုဘဏ် နေ့စဉ်သတ်မှတ်ကြေ ညာပေးသည့် ဈေးကွက်အခြေအနေနှင့် အနီးစပ်ဆုံး နှုန်းထားနှင့် အစားထိုးလိုက်သည်။ အမှန်တကယ်ပင်ဖြစ်ပေါ်နေသော ဈေးကွက် အခြေအနေကို ထင်ဟပ်စေသည့်နှုန်းထားဖြစ်ခဲ့ပြီး လက်တွေ့နှင့်နီး စပ်သော ပြောင်းလဲမှုဟုဆိုရ မည်ဖြစ်သည်။ မျက်စိလည်၊ သို့သော် . . ...လမ်းမမှားဗဟိုဘဏ်ကကျင့်သုံးနေသော ငွေလဲနှုန်းစနစ်ကို  Managed Floating  Exchange  Rate Regime ဟု ပညာရပ်ဝေါဟာရ အားဖြင့်ခေါ်ထားပြီး " ဈေးကွက်အခြေခံသော၊ ထိန်းကျောင်းမှုရှိ သည့် နှုန်းရှင်ငွေလဲနှုန်းစနစ်" ဟု တိကျစွာ မြန်မာဘာသာပြန် ထား သည်။ အချို့ကမူ နှုန်းရှင်ငွေလဲနှုန်းဟု အလွယ်တကူ ခေါ်ကြသည် ကိုလည်း တွေ့ရ၏။ ဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက်အရ အမည်ကို ကြည့်လိုက်ရုံနှင့်  နားလည်သဘောပေါက်သည်။ ဈေးကွက်ကို အခြေခံသည်ဆိုသည်မှာ ဝယ်လိုအားနှင့် ရောင်းလို အားလှုပ်ရှားမှု ပေါ်မူတည်သည်ဟုဆိုလိုခြင်းဖြစ်သည်။ ထိန်းကျောင်းမှု စကားလုံးပါ သောကြောင့် အစိုးရ၏ (ဆိုလိုသည်မှာ ဗဟိုဘဏ်) ဝင်ရောက်ကိုင် တွယ်မှုလည်းရှိမည်။ ဈေးကွက်ကိုအခြေခံထားသောကြောင့် လွတ် လပ်မှုရှိသည် ဟု ပြောရနိုင်သကဲ့သို့ ထိန်းကျောင်းမှုပါသောကြောင့် ထိန်းချုပ်မှုများလည်းရှိမည်ဟုဆိုနိုင်သည်။ လွတ်လပ်မှုနှင့် ထိန်းချုပ်မှု တို့သည် ဆန့်ကျင်ဘက်သဘာဝရှိရာ ထိုသဘာဝတရားနှစ်ခု၏ အကြားတွင် သင့်လျော်စွာကျင့်သုံးဆောင်ရွက်မည့် နည်းစနစ်ဖြစ် သည်။ ဈေးကွက်၏ လွတ်လပ်သောသဘာဝကို ထင်ဟပ်စေမည့် အတက်အကျကိုခွင့်ပြုရင်း ဈေးကစားသူများ၏ ဈေးကွက် ကမောက် ကမဖြစ်မှုထိန်းချုပ်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်မည်။ အစိုးရ၏ မျှော် လင့်ထားသော ဈေးကွက်အခြေအနေ တစ်ရပ် ရောက်ရှိနိုင်ရေးရည် ရွယ်ချက်လည်း ပါနိုင်သည်။ဗဟိုဘဏ်က နေ့စဉ်သတ်မှတ် ကြေညာပေးသောနှုန်းထား များသည် ပြင်ပဈေးကွက်တွင်ဖြစ်ပေါ်နေသော  ဈေးနှုန်းများနှင့် သိပ်မကွာလှသော အခြေအနေတွင်ရှိနေပြီး ထိုနှုန်းထား၏ အထက် နှင့်အောက် အလွန်ကျဉ်းမြောင်းသော သတ်မှတ်ချက်ဘောင် အတွင်း လှုပ်ရှားဈေးကစားနိုင်သေးသည်။ သို့သော် ဗဟိုဘဏ်၏ ဒေါ်လာလဲ လှယ်နှုန်းထားများသည် စီးပွားရေးအဆောက်အဦ အတွင်း အလုပ် ဖြစ်နေပြီဟု အပြည့်အဝပြောဆိုနိုင်ခြင်းမရှိသေးပေ။ လဲလှယ်နှုန်း များမှာလည်း အမျိုးမျိုးကြားရပြန်သည်။ တစ်မျိုးနှင့်တစ်မျိုး မကွာ တကွာ အခြေအနေလည်းရှိသည်။ အတော်အတန် ကွာဟနေသည် လည်းရှိသည်။ဗဟိုဘဏ် မှ နေ့စဉ်ထုတ်ပြန်ပေးသောနှုန်း၊ ကုန်သည် လုပ်ငန်းရှင်များ အရောင်းအဝယ်ဖြစ်နေသောဈေးနှုန်း၊ ပြင်ပတွင် လက်လီအရောင်း အဝယ်ဖြစ်နေသော ဈေးနှုန်း၊ Call  Center    များမှ  မိုဘိုင်းဖုန်းများသို့ပေးပို့နေသော ဒေါ်လာနှုန်း စသဖြင့် မျက်စိ လည်လောက်အောင်ရှိနေသည်။ သို့သော် ထိုဒေါ်လာနှင့် မြန်မာ ကျပ်ငွေလဲလှယ်နှုန်း  အားလုံးတို့၏ ကိန်းဂဏန်းများကို ဂရပ်ပုံဆွဲ ကြည့်ပါ အထက်ဘက်သို့သာ ဦးတည်နေသည်ကို တွေ့ရသည်။သဘာဝကျခြင်း၊ မကျခြင်းဧပြီ ၂ ရက်မှစ၍ ဗဟိုဘဏ်မှ ကြေညာထားသည့် ဒေါ်လာ နှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းများသည် ရက်အနည်းငယ်သာ အကျဘက်သို့ အခြေအနေရှိခဲ့ပြီး တစ်ရက်ပြီးတစ်ရက် ဖြေးဖြေး မှန်မှန်မြင့်တက်လာခဲ့သည်။ အခြားနှုန်းထားများမှာ ဗဟိုဘဏ် သတ် မှတ်သည့်နှုန်းထက်အတက်အကျ အကြိမ်အရေအတွက် ပိုများလျက် ရှိပြီး အတက်အကျပမာဏမှာလည်း ဗဟိုဘဏ်နှုန်းထားများထက် ပိုမိုများသည်ကို တွေ့ရသည်။ ရှေ့တွင် ဖော်ပြထားသည့်အတိုင်း နှစ်လ၊ သုံးလတာအခြေအနေများ ၏ ဂရပ်ပုံကပြသော တစ်ဖက်သတ် အခြေအနေများသည် စဉ်းစားစရာဖြစ်လာသည်။ ထို့ကြောင့် ဖြစ် ပေါ်နေသော အခြေအနေများကိုကြည့်၍ ဒေါ်လာငွေနှင့် မြန်မာ ကျပ်ငွေပမာဏ အပြောင်းအလဲများ၊ ဝယ်လိုအား  ရောင်းလိုအား အပြောင်းအလဲများမှာ တစ်ဖက်သတ်ဆက်တိုက် ပြောင်းလဲနေသ လောဟု တွေးမိသည်။ ယခု ဒေါ်လာဈေးနှုန်း ဆက်တိုက်နီး ပါးမြင့် တက်နေမှုသည် ဈေးကွက်အခြေအနေပေါ် ဝယ်လိုအား တစ် ဖက်သတ် ဆက်တိုက်ဖိအားရှိနေသည်ကိုပြ ရာ ကောင်းမွန်သော အခြေအနေမဟုတ်ဟု ကောက်ချက်ချရသည်။ ဗဟိုဘဏ်အနေဖြင့် ဈေးကွက်ကိုအခြေခံ၍ သတ်မှတ်ကြေညာပေးနေသည့်တိုင် ပုံမှန် လှုပ်ရှားနေသည့်ဈေးကွက် ဟုတ်မဟုတ် သတိထားစောင့်ကြည့်ရန် လိုလာသည်။ ပညာရှင်များ၊ သုတေသီများ သုံးသပ်ကောက် ချက်ချ နိုင်ရေးခက်ခဲနိုင်ပေလိမ့်မည်။ ဒေါ်လာငွေနှင့်ပတ်သက်၍ အကြောင်း တို့သည်ကား အပ်ကြောင်းထပ်နေသည့် သံစဉ်ဟောင်း သီချင်းတစ် ပုဒ်လိုဖြစ်နေသည်။ ဒေါ်လာငွေနှင့် မြန်မာ ကျပ်ငွေလဲလှယ်ရောင်း ဝယ်ရေးဈေးကွက်သည် ရိုးသားသော ဈေးကွက်အင်အားစု များဖြင့် တည်ဆောက်ခွင့်မရသေး ဘဲ ဈေးကွက်နှင့် ငွေကြေးကဏ္ဍဆိုင်ရာ အင်စတီကျူးရှင်းများ မပြည့်စုံ၊ မဖြည့်ဆည်းနိုင်သေးခြင်း၊ တရားမဝင် ပို့ကုန်သွင်းကုန်လုပ်ငန်းများ မထိန်းသိမ်းနိုင်သေး ခြင်းစသည့် အား နည်းချက်များကို အခွင့်ကောင်းယူလျက်ဈေးကွက် အလှုပ်ဖန်တီးနေ ခြင်း၊ ထိုအခြေအနေများ အခြေခံလျက် ကောလာဟလသတင်းများ ထပ်မံဖန်တီးနေခြင်းတို့ဖြင့် ၎င်း၏သဘာဝကျကျ လှုပ်ရှားနိုင်မှုကို ဖျက်ဆီးခံနေရလေသည်။