ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ကို အိတ်စပို့ဝယ် လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာတာကြောင့် ပဲဈေးကအတက်ဘက်ကို ဦးတည်နေတယ်လို့ဆိုပါတယ်။ မတ်ပဲ (RC) က ရောင်းလိုအားရော ဝယ်လိုအားပါသွက်လာ တာကြောင့် ယခင် အပတ်နဲ့စာရင် တစ်တန်ကို ၁၁၀၀၀ ကျပ်ခန့်ဈေးမြင့် သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို အနိမ့်ဆုံး ၄၉၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၉၇၀၀၀ ကျပ်အတွင်း ၁၁၈၄၅တန် ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံနီ (RC) ကတော့ အိတ်စပို့ဝယ်လက်တွေပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားလျော့ သွားတာကိုအကြော င်းပြပြီး ဈေးချအဝယ် ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ ယခင်အပတ်နဲ့စာရင် တန်ချိန် ၁၅၀၀ ခန့် လျော့နည်းသွား တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကိုအနိမ့်ဆုံး ၅၄၄၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၆၀၀၀၀ ကျပ်အတွင်း ၁၇၄၅ တန် ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background