Main menu

Background

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပြီး သိပ္ပံနှမ်း အရောင်းအဝယ်ဖြစ်မှု နည်းပါးလာ

Wed, 07/18/2012 - 04:38 -- Anonymous (not verified)

    အောင်လံဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာကို ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲလျော့သွားတာကြောင့် တစ် ပိဿာကို ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၄၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သိပ္ပံနှမ်းကိုတော့ ရန်ကုန်ဝယ်လက်က ဝယ်လိုအားေ လျာ့သွားသလိုလှောင်လက်ကုန်သည်များကလည်း အရောင်းနည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၀၇၀ ကျပ် (တစ်တန်ကို ၁၂၆၇၆၄၇ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀ ခန့်သာဖြစ် ခဲ့ကြောင်းသိရပါတယ်။ နှမ်းနီကိုတော့ မန္တလေးဝယ်လက်နဲ့ ဒေသ တွင်းဆီကြိတ်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၇၃၅ ကျပ်(တစ် တန်ကို ၁၀၆၂၄၉၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ မှ ၂၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။