ပခုက္ကူဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲ သွက်နေသလို ကုလားပဲ(ထိုင်ဝမ်)ကိုလည်း မြို့ခံပဲခွဲစက်တွေက ဝယ် လိုအားများလာလို့ ယခင်အပတ်နဲ့စာရင် ဈေးစွာလာကြောင်း သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၀၇၈ ကျပ်(တစ်တန်ကို ၆၆၀၁၅၆ ကျပ်)၊ ကုလားပဲတစ်ပိဿာကို ၁၀၅၂ ကျပ်(တစ်တန်ကို ၆၄၄၂၃၄ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း အိတ် ၁၀၀၀ ခန့့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို မူတည်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်ပိဿာကို ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background