Main menu

Background

မန္တလေးဈေးကွက်မှာ ပဲတီစိမ်း အရောင်းအဝယ်သွက်ပြီး ပဲစင်းငုံနီဈေးကျကာ ကုလားပဲဈေးတက်

Wed, 07/18/2012 - 04:48 -- Anonymous (not verified)

    မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်အရောင်းအဝယ်သွက်နေတာ ကပဲတီစိမ်းကြီးဖြစ်ပြီး ပဲစင်းငုံက ပုံမှန်ထက်စာရင် အရောင်းအဝယ် နည်းလာကာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲကတော့ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။ ပဲတီစိမ်းကြီးထိပ်စကို အရည်အသွေးအပေါ်မူတည်ပြီး တရုတ်ဝယ် လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၁၁၅၆ ကျပ်(တစ်တန်ကို ၇၀၇၉၂၂ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ အရည်အသွေးအနည်းငယ်နိမ့်တဲ့ ပဲတီစိမ်းလတ် စနဲ့ ပဲတီစိမ်းအောက်စကို မြို့ခံပဲခွဲစက်တွေက စက်ရဲ့လိုအပ်ချက် ပမာဏလောက်သာ အဝယ်ရှိနေတယ်လို့သိရပါတယ်။ ပဲတီစိမ်း (လတ်စ)တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ပဲတီ စိမ်း(အောက်စ)တစ်ပိဿာ ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်) ဈေးနဲ့ အိတ်အနည်းငယ်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ ကို ရန်ကုန်ဝယ်လက်က ဝယ်လိုအား အနည်းငယ်လျော့သွားပြီး တစ် ပိဿာကို ၈၈၃ ကျပ်(တစ်တန်ကို ၅၄၀၇၄၀ ကျပ်)ဈေးနဲ့နေ့စဉ်အိတ် ၅၀၀ မှ ၇၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အ ပြင် ပဲစင်းငုံနီ(ရွှေဘို)အစကိုလည်း မြို့ခံပဲခွဲစက်တွေက ဝယ်လိုအား များပြီး ရန်ကုန်ဝယ်လက်ကတော့ အဆွဲပါးတယ်လို့ဆိုပါတယ်။ အ ရောင်းဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅၈ ကျပ်(တစ်တန်ကို ၅၂၅၄၃၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်ဖြစ်ခဲ့ေ ကြာင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲက ယခင်အပတ်နဲ့စာရင် များ လာသလို ကုလားပဲ(ထိုင်ဝမ်)ကိုလည်း ပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်များ ကပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်လိုအားများခဲ့တယ်လို့ဆို ပါတယ်။ ဒီတစ်ပတ်မှာ ကုလားပဲဖြူလုံးကြီးက တစ်ပိဿာ ၁၁၀၉ ကျပ်(တစ်တန်ကို ၆၇၉၁၄၀ ကျပ်)ကုလားပဲ (ထိုင်ဝမ်) ကတစ်ပိဿာ ၁၀၈၄ ကျပ်(တစ်တန်ကို ၆၆၃၈၃၀ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း အိတ် ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။