နိုဝင်ဘာလထွက်ရှိမယ့် စပါးအတွက် ပြည်တွင်းဈေးအမြင့်နဲ့ ထိန်းထားဖို့ ဆန်စပါး အပေါင်ခံအစီအစဉ်ကို သက်တမ်းတိုး

        နိုဝင်ဘာလမှာထွက်ရှိမယ့် အဓိက စပါး အတွက် ပြည်တွင်းဈေးအမြင့်မှာ ဆက်ထိန်းထားဖို့ ထိုင်းအစိုးရက ၎င်းရဲ့ စပါးအပေါင်ခံ စီမံကိန်းကို ဆက်ပြီးသက်တမ်းတိုးခဲ့ပါတယ်။ ဒါ့အပြင် မကြာမီ စပါးတန်ချိန် ၁ သန်းခန့် ထွက်ရှိမယ့် ရာသီပြင်ပ စပါးထုတ်လုပ်မှုအတွက် အထူးထောက်ပံ့မှု စီမံ ကိန်းတစ်ခုကို စတင်ဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။ ၂၀၁၂-၁၃ ဆန်စပါး ထုတ်လုပ်မှု အတွက် အဲဒီစီမံကိန်းမှာ ယခင်ဈေးနှုန်း ဆန်ဖြူ အတွက် စပါးတစ်တန် ဘတ် ၁၅၀၀၀ (ကန်ဒေါ် လာ ၄၇၃)နဲ့ စပယ်ဆန် တစ်တန် ဘတ် ၂၀၀၀၀ (ကန်ဒေါ်လာ ၆၃၁) ဈေးနဲ့ နိုင်ငံတော် ဆန်စပါး မူဝါဒကော်မတီမှ အတည်ပြုဖို့ မကြာမီတင်ပြသွား မယ်လို့  စီးပွားကူးသန်း  ဝန်ကြီး Boonsong  Teriyaphirom   မှ ပြောကြားပါတယ်။အစိုးရက ၎င်းရဲ့ ပိုလျှံသိုလှောင်ဆန်များ ကိုင်တွယ်ထားခြင်းနဲ့ ပြည်ပတင်ပို့မှု ကျဆင်းခြင်း တွေရှိတဲ့တိုင် ယခုအပေါင်ခံစီမံကိန်းေ ဈးနှုန်းက ပြည်တွင်းဈေးနှုန်း မြှင်တင်ဖို့ဖြစ်လိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။ ထောက်ပံ့ဈေး မြင့်မြင့်ပေးခြင်းမှ တောင်သူတွေ တိုက်ရိုက်အကျိုးရှိဖို့ အချို့လက် တွေ့ ဆောင်ရွက်မှုများနဲ့   အခြေအနေများက ဆောင်ရွက်နိုင်စွမ်းကို တိုးမြင့်စေမယ်လို့ ဆိုပါ တယ်။ဒါ့အပြင် ရေလွှမ်းမိုးခြင်းကြောင့် ပျက်စီးမှု ကိုရှောင်ဖို့ တောင်သူတွေသီးနှံရာသီပြင်ပ စပါး ထုတ်လုပ်မှုစီမံကိန်းကို တိုးချဲ့ဖို့လည်း အစိုးရက စဉ်းစားနေပါတယ်။ ရာသီပြင်ပ စပါးတန်ချိန် ၁ သန်းခန့်ဟာ နောက်လ စပါးအပေါင်ခံအစီအစဉ် ထဲကို ဝင်ရောက်လာဖွယ် ရှိပါတယ်။ အဲဒီအပေါင် ခံ စီမံကိန်းကာလအတွင်း ဆန်ဈေးတိုးတက်လျက် ရှိတယ်လို့ ဝန်ကြီးဌာနမှ ဆိုပါတယ်။ စံပယ်ဆန်စပါးဈေးက ယခင်နှစ်က တစ် တန် ဘတ် ၁၃၁၀၇ (ကန်ဒေါ်လာ ၄၁၃)ရှိရာမှ ယခုနှစ်မှာ ဘတ် ၁၅၂၄၂ (ကန်ဒေါ်လာ ၄၈၁) ထိရှိခဲ့ပါတယ်။ ဆန်ဖြူအတွက် စပါးဈေးက ယခင် နှစ်မှာ တစ်တန် ဘတ် ၈၃၀၀ (ကန်ဒေါ်လာ ၂၆၂) ရှိရာမှ ဘတ် ၁၀၇၂၀ (ကန်ဒေါ်လာ ၃၃၈)ရှိခဲ့ပါ တယ်။ ဒါပေမယ့် ဆန်တင်ပို့မှုမှာ ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၇ ရက်အတွင်း တန်ချိန် ၃ ဒသမ ၃၈ သန်းကို ယခင်နှစ်ထက် ၄၅ ဒသမ ၆၁ ရာခိုင် နှုန်းထိ သိသိသာသာ ကျဆင်းခဲ့ပါတယ်။Boonsong    မှ ဗီယက်နမ်ကို အလည် အပတ်သွားမှာဖြစ်ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ဖို့နဲ့ ဆန်အတွက်  ရောင်းဝယ်ေ ရးစင်တာ တစ်ခုတည်ထောင်ရေး  ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်ရေးဆောင်ရွက်သွားမယ်လို့  သိရပါတယ်။ ဟနွိုင်းမှာကျင်းပမယ့် ပူးပေါင်းကုန်သွယ်ရေးကော် မတီအစည်းအဝေးမှာBoonsong    နဲ့ ဗီယက်နမ် ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန အရာရှိတို့မှ ကဏ္ဍများစွာမှာ ပူးပေါင်းမှုမြှင့်တင်ဖို့နဲ့ ကုန်သွယ် ရေးလုပ်ငန်းတိုးမြှင့်ဖို့ ဆွေးနွေးမယ်လို့ သိရပါ တယ်။ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာ့ဆန်ဈေးနှုန်း တည်ငြိမ်မှုနဲ့ ဆန်အရည်အသွေးတိုးတက်မှုတို့မှာ ပိုမိုပူး ပေါင်းရေး အလေး ထား  ဆွေးနွေးသွားမယ်လို့ Boonsong  Teriyaphirom  မှ ပြောကြားပါတယ်။Source: riceonline