Main menu

Background

နယ်စပ်မှ ဆန်အပို့လျော့

Wed, 07/18/2012 - 05:10 -- Anonymous (not verified)

    မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ထဲသို့ ယခုအပတ်မှာ အဝင်များတဲ့ လယ်ယာထွက်ကုန်တွေက ဆန်နဲ့ ပြောင်းတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကျနေတဲ့အတွက် ကုန်တက်နဲတယ် လို့ သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ကန်ဒေါ်လာ ၃ ဒသမ ၇၅၉ သန်းတန်ဖိုးရှိ ဆန် ၉၀၂၆ တန်နဲ့ကန်ဒေါ်လာ သုည ဒသမ ၂၃၀ သန်းတန်ဖိုးရှိဆန်ကွဲ   ၇၄၄ တန်ခန့်အပို့ ရှိခဲ့ ပါတယ်။ ဇွန်မှာရွှေလီဆန်ပေါက်ေ ဈးများမှာ ၁ တန်လျှင် ၂၇၄၀-၂၇၈၀ ယွမ်အသီးသီးဖြစ်ပြီး မေလဈေးထက် ယွမ် ၄၀ ခန့်ဈေးကျဆင်းလျက်ရှိပါတယ်။ ဇွန်လ ဆန်တင်ပို့မှုကို ကြည့်လျှင် ဆန်တန်ချိန် ၃၆၄၂၅ တန်ခန့်အပို့ရှိခဲ့ပြီး မေ တင်ပို့မှုထက် တန် ၂၇၆၀ ကျော်အပို့လျော့ခဲ့ပါတယ်။ တင်ပို့မှု လျော့နည်းရခြင်းမှာ မြန်မာဆန်တင်သွင်းမှုအပေါ် တရုတ်ဘက်မှ အခွန်နှုန်းမြှင့်ထားခြင်းနဲ့ စိစစ်မှုမှာ တင်း ကျပ်စွာ ဆောင်ရွက်လာခြင်းတို့ကြောင့် ဖြစ်ပါတယ်။     နယ်စပ်အလိုက်ယခုအပတ်ဆန်တင်ပို့မှုများမှာ တာချီ လိတ်မှ ဆန် ၄၄၅ တန်၊ မူဆယ်မှ ဆန် ၈၁၉၆ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၃၈၄ တန်ကျော်အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တာချီလိတ်မှ ဆန် ၂၁၅ တန်အပို့ပိုခဲ့ပြီး မူဆယ်မှဆန်တင်ပို့မှု ၃၉ တန်၊ ချင်းရွှေဟော်မှတန် ၇၈၀ ကျော်လျော့နည်းခဲ့ပါတယ်။ မူဆယ်မှကန်ဒေါ်လာ သုည ဒသမ ၂၃၀ သန်းတန်ဖိုးရှိ ဆန်ကွဲ ၇၄၄ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် တန် ၁၇၀ ခန့်အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာ လွယ်ဂျယ်မှ ဆန်တင်ပို့နိုင်မှုမရှိခဲ့ပါဘူး။MIRT(DOBT)