Main menu

Background

နယ်စပ်မှ ပရဆေး အပို့ အမယ်စုံလျှင်

Wed, 07/18/2012 - 05:11 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၉၉ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန် ၁၃၃၀ ကျော်ကို ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်ကအ ပို့မရှိခဲ့တဲ့ ကြောင်လျှာစေ့၊ မန်ကျည်းမှည့် (အစေ့ပါ)၊ ဖန်ခါးသီးခြောက်၊ နနွင်းခေါင်း၊ တောဖျင်း၊ စမုံနက်၊ ချင်းခြောက်၊ ကွမ်းသီးခွံ၊ အုံတုံခေါက်၊ ဂမုန်း၊ ရှားစေးနဲ့ မုတ်ခါးတို့ အပို့ရှိခဲ့ပါတယ်။ နေလဲစေ့၊ တောင်လုံးကျော်၊ စကားပန်းပွင့်ခြောက်၊ ကြက်ဆူစေ့တို့ ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ ရွေးရွက်၊ မိကျောင်း ကွမ်းဖတ်စေ့၊ နနွင်း တက်၊ ဆီးဆန်၊ ဂုံးညှင်းလုံး၊ ချဉ်ပေါင်ဖာလာ (အခွံပါ)နဲ့ ဒရင်ကောက်မြစ်တို့ အပို့လျော့ခဲ့ပါတယ်။ မြဝတီ နယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၀၄ သန်းတန်ဖိုးရှိ တဲ့ ကံ့ကော်ပွင့်ခြောက် ၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ တမူး နယ်စပ်ကတော့ကန်ဒေါ်လာသုညဒသမ ၀၀၀၂ သန်း တန်ဖိုး ရှိ တောင်လုံးကျော် ၁ တန်သာအသွင်းရှိခဲ့ရာ ယခင်အပတ် ကထက် ၆ တန်ခန့် အသွင်းလျော့ခဲ့ပါတယ်။ MIRT(DOBT)