Main menu

Background

Automatic Licensing စနစ်ဆိုတာ လိုင်စင်လျှောက်ထားစရာ မလိုတော့ဟု မှားယွင်းပြောဆိုနေ

Wed, 07/18/2012 - 05:14 -- Anonymous (not verified)

    ကုန်သည်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရန် ဖြေလျော့ပေးနေပါတယ်။ Automatic Licensing စနစ်ကို ဇွန် ၁၂ ရက်ကစပြီး နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကျင့်သုံးခွင့်ရရှိနေပြီ ဖြစ်ပါတယ်။ Automatic Licensing  စနစ်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နဲ့ အာဆီယံသဘောတူညီချက်များအရ ကျင့်သုံးခြင်းဖြစ် သော်လည်း သဘောသဘာဝကို ဂဃနဏမသိဘဲ အချို့ကုန်သည်လုပ်ငန်းရှင် များက Automatic Licensing  ဟာ လိုင်စင်လျှောက်စရာမလိုတော့ဘူးဆိုပြီး လွဲမှား ပြောကြားနေကြပါ တယ်။ အမှန်မှာ လိုင်စင်လျှောက်ထားမှုပေါ်မှာ စိစစ် ဆောင်ရွက်ချက်ကိစ္စရပ်အချို့ ကို  လျှော့ပေါ့ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ အဓိကကတော့ ဈေးနှုန်းနဲ့အရေအတွက် ကို သက်ဆိုင်ရာကုမ္ပဏီက လျှောက်ထား ချက်အတိုင်း ခွင့်ပြုပေးလိုက်ခြင်းဖြစ်ပါတယ်။ ယခင်က ဈေးနှုန်းကို စိစစ်ရခြင်းမှာ ကုမ္ပဏီလုပ်ငန်းရှင်အချို့က အခွန်ရှောင်လိုတဲ့အတွက် နိုင်ငံတကာပေါက်ဈေး ထက်လျှော့ပြီး တင်သွင်းခြင်း၊ ဈေးပိုပြီးတင်ပို့ခြင်း လုပ်တာတွေရှိလို့ စိစစ်ခဲ့ရတာ ဖြစ်ပါတယ်။ ယခု Automatic Licensing   စနစ်နဲ့ လုပ်ဆောင်ခွင့်ပြုရာမှာလည်း လျှောက်ထားတဲ့ဈေးနှုန်းအတိုင်း ခွင့်ပြုပေးနေပါတယ်။ ဒါကြောင့် ပို့ကုန်လုပ်ငန်းရှင် များ အနေနဲ့  မဖြစ်သင့်တဲ့ဈေးနှုန်းနဲ့ လျှောက်ထားခြင်းမျိုး မပြုလုပ်သင့်ပါဘူး၊ Data Base  ဈေးနှုန်း၊ နောက်ဆုံးလျှောက်ထားတဲ့လိုင်စင်ဈေးနှုန်း တို့နဲ့ ချိန်ထိုး လျှောက်ထားကြရန် လိုအပ်ပါတယ်။  ဈေးနှုန်းစိစစ်ကြပ်မတ်သော အဖွဲ့ရှိရာ ဈေးနှုန်းနည်းနေတာကို စိစစ်တွေ့ရှိမှု အား တစ်ကြိမ်၊ နှစ်ကြိမ်သတိပေးမှာဖြစ်ပြီး တတိယအကြိမ်မှာကုမ္ပဏီအား Black List  သို့ စာရင်းရေးသွင်းသွားမယ်လို့ သိရ ပါတယ်။    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်နေချိန်၊ ဌာနဆိုင်ရာ အပိုင်းတွေမှာလည်း အချိန်အခါအလိုက် အဆင့် အလိုက်ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်နေချိန်ဖြစ်ရာ လုပ်ငန်းရှင်များ အနေနဲ့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအပေါ် စီးပွားရေးကျင့်ဝတ်သိက္ခာနဲ့အညီ ပူးပေါင်း ဆောင်ရွက်မှသာ နိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်အောင်မြင်မှာ ဖြစ်ပါ တယ်။     ဝင်ငွေခွန် ၂ ရာခိုင်နှုန်းမပေးလိုတဲ့ အကျိုးအမြတ်နည်းနည်းအတွက် မိမိတို့ရဲ့ ဂုဏ်သိက္ခာနဲ့ မလဲလှယ်ကြစေလိုကြောင်း၊ မိမိတို့ရဲ့မတော်လောဘကြောင့် ဝန်ထမ်းများမပြုန်းတီးစေလိုကြောင်း ဇူလိုင် ၅ ရက်က မြဝတီကုန်သွယ်ရေး ဇုန်မှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံညွှန်ကြားရေးမှူး ဦးစန်းလွင်က ပြောကြားခဲ့တယ်လို့ Commerce  က သတင်းရရှိပါတယ်။Source:  နကသ၊ ချမ်းမြေ့မောင်