Main menu

Background

ထိုင်းနယ်စပ်မှ ရေထွက်ကုန် အပို့ပို

Wed, 07/18/2012 - 05:15 -- Anonymous (not verified)

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ၊ ကော့သောင်းနဲ့မြိတ်နယ်စပ်စခန်းများမှ ကန် ဒေါ်လာ ၁ ဒသမ ၅၈၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၃၆၄ တန်ခန့်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၂၀၀ ကျော်အပို့ပိုခဲ့ ပါတယ်။ မြဝတီ နယ်စပ်မှကန်ဒေါ်လာသုညဒသမ ၃၃၉ သန်းတန်ဖိုးရှိငါးမျိုးစုံတန် ၁၁၀ ကျော်၊ပုစွန် ၇ တန်ခန့်နဲ့ကဏန်း ၃၄ တန်အပို့ ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ၁၂၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၆၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၈၈ တန်၊ ကင်းမွန် သုညဒသမ ၁၆၀ တန်၊ ကဏန်းသုညဒသမ ၂၄၀ တန်နဲ့ ငါးဆားနယ် ၅ တန်ခွဲ အပို့ရှိခဲ့ရာယခင်အပတ်ကထက်ငါးမျိုးစုံအပို့ပိုပြီးယခင်အပတ်ကအပို့မရှိတဲ့ ကင်းမွန်၊ ကဏန်း၊ ငါးဆားနယ်များတင်ပို့မှုရှိလာတာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၇ တန်သာအပို့ပိုခဲ့ပါတယ်။ မြိတ် နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၇၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၇၅ တန်ကျော်၊ ရေငန်ပုစွန် ၁၃ တန်ကျော်၊ ငါးမှုန့် ၁၁၁ တန်ကျော်၊ အေးခဲကဏန်းပျော့ ၁၅ တန်ကျော်နဲ့ ကဏန်းအသေးအသေ ၃ တန်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၆၈ တန်အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးမျိုးစုံ၊ ရေငန်ပုစွန်အပို့ပိုပြီး ယခင်အပတ်ကအပို့မရှိတဲ့ ငါးမှုန့် ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ တာဖြစ်ပါတယ်။                                                                        MIRT(DOBT)