Main menu

Background

ရာသီသစ်သီးဝလံတန်၁၀၀၀ ကျော် ယခုအပတ် မူဆယ်မှအပို့ရှိ

Wed, 07/18/2012 - 05:16 -- Anonymous (not verified)

    ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ သစ်သီးဝလံ တင်ပို့မှုများကို အသိပေးလိုပါတယ်။ ယခုကာလဟာသရက်သီးနဲ့ သခွားမွှေးရာသီ ချိန်ကုန်ပြီဖြစ်တဲ့အတွက် လက်ကျန်အနည်းအကျဉ်းသာအပို့ရှိခဲ့ပါတယ်။ နာနတ်သီး ရာသီချိန်ဖြစ်တဲ့အတွက် ယခင်အပတ်ထက်အပို့ပိုခဲ့တာတွေ့ရပါတယ်။ ယခုအပတ် တင်ပို့နိုင်မှုတွေကိုကြည့်လျင် ကန်ဒေါ်လာ သုညဒသမ ၁၂၅ သန်းတန်ဖိုးရှိ သရက် သီး ၅၄၅ တန်၊ ကန်ဒေါ်လာသုညဒသမ ၀၀၂ သန်းတန်ဖိုးရှိ သခွားမွှေး ၇ တန်ခွဲနဲ့ကန်ဒေါ်လာသုညဒသမ ၀၆၅ သန်းတန်ဖိုးရှိ နာနတ်သီး ၅၀၄ တန်ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နာနတ်သီး ၁၆၈ တန် အပို့ပိုခဲ့ပြီး သခွား မွှေး ၆ တန်နဲ့သရက်သီး ၂၂၄ တန်အပို့လျော့ခဲ့ပါတယ်။ဇွန်အတွင်းမှာ ဈေးကောင်း ရတဲ့ စိန်တစ်လုံးနဲ့ ဟင်္သာတင်ပို့မှုလျော့နည်းလာပြီး တန်ဖိုးနည်းအကြမ်းသီးများသာ အပို့ရှိနေတာဖြစ်ပါတယ်။ ဇွန်မှာ သရက်သီးတန်ချိန် ၁၆၂၃၇ တန်ခန့် အပို့ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁၃၂ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)