ဇူလိုင် ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၄၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁၃၂၀၀ ကို စင်ကာပူတစ်နိုင်ငံတည်းကို တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကတင်ပို့မှုမရှိဘဲ ယခုမှသာ ပြန်လည်တင်ပို့နိုင်ခဲ့ တာ ဖြစ်ပါတယ်။ ယခုအချိန်က ပြောင်းသီးနှံအသစ်မပေါ်သေးဘဲ လှောင်ကုန်များ ကိုသာ ထုတ်ရောင်းရတဲ့အတွက် ဝယ်လိုအားရှိပေမယ့် တင်ပို့မှုခေတ္တ ကျဆင်း နေခြင်းဖြစ်ကြောင်း သိရပါတယ်။ တရုတ်နယ်စပ်ကတော့ လက်ကျန်နည်း နေ ပေမယ့် တန် ၇၀၀၀ နီးပါးတင်ပို့နေရတယ်လို့ သိရပါတယ်။ (FOB) ရန်ကုန်ဈေး ကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြားဈေးပေါက် တယ်လို့ သိရပါတယ်။ K.Z.W
Background